ငါ့ဘေးမှာ မင်းရှိရင် အပိုင်း (၁၂)

ဒေါ်ဒေစီကျော်လင်း သည် သူငယ်ချင်း ဒေါ်မဒီချုပ် တယောက် ခပ်ထွေထွေ နဲ့ နေလင်း ဆိုတဲ့ ကောင်လေး နဲ့ခြံထဲဆင်းသွားတာတွေ့လိုက် သည် ..။ မဒီ က အရမ်းနီးစပ် ရင်းနှီးလို့ ဦးထွန်းချုပ်  လိင်ဆက်ဆံရေး အားနည်းတာ..မတောင်နိုင်တာ တွေကို ပြောပြဘူးထားလို့ နေလင်း ဆိုတဲ့ ကောင်လေး နဲ့ ခုလို ခြံထဲ လမ်းလျောက်နေတာကို တွေ့တော့ မဒီတော့ ဒီကောင်လေး နဲ့ ညိစွန်းတော့မယ် ထင်တယ် ဆိုပြီး မသိမသာ ချောင်းနေသည်။

ဒါမျိုးကိစ္စ တွေကို ချမ်းသာပြီး အားနေသော ဒေါ်ဒေစီကျော်လင်းတို့ က စိတ်ဝင်စား သည် ..။ ဒေါ်ဒေ စီကျော်လင်းရဲ့ ယောင်္ကျား ဦးဘုန်းလင်း သည် အင်္ဂလန်နိုင်ငံမှာ အလုပ်လုပ်နေ သည် ..။ ဒေါ်ဒေစီကျော်လင်း သည် အင်္ဂလန်နိုင်ငံကို တခါတရံ အလည်အပတ် သွားတတ်ပေမဲ့ ရန်ကုန်မှာ အနေများ သည်။

ဈန်ရမောင် သည် အမရာ့နှုတ်ခမ်းဖူးဖူးလေး ကို သိမ်သိမ်မွေ့မွေ့လေး..ဖွဖွလေး နမ်းလိုက် သည် ..။သီဟ ကောင်မလေးတွေ ခေါ်သွားလေ့ ရှိသော ရွှေဂုံတိုင် က လူမနေတဲ့ သူတို့ပိုင် တိုက် မှာ အမရာ နဲ့ ဈန်ရမောင် ရောက်နေ သည် ..။ သူတို့ သည် ကျိုက်ကဆံကွင်း နားက အမရာရဲ့ သူငယ်ချင်း တယောက် ရဲ့ အိမ်ကို သွားရင်း..ဈန်ရမောင် လဲ အလွန်ချောလှနေသော အမရာ့ကို နမ်းချင်စိတ်ပေါက်လာလို့ ဒီတိုက်ရှေ့အရောက်ဝင်လိုက်တာ ..။ သူ့မှာက ဒီတိုက်ရဲ့ သော့အပိုတချောင်း ရှိနေ သည် ..။ သီဟ ကို အမြဲကူညီနေရလို့ သူ့ကို ပေးထားတဲ့ သော့ ကို ပြန်မပေးဖြစ်သေးတာ ဖြစ်သည်။

အမရာ့ကို သီဟ ယူခိုင်းထားတာ တခု ရှိလို့ အကြောင်းပြပြီး တိုက်ထဲကို ၀င် သည် ..။ အမရာ က ဒီတိုက် ကိုသူတို့ ပိုင်သည် ဆိုတာတောင် မသိ လို့ ရှင်းပြရ သည် ..။ ခဏ ဆင်းကြည့်ပါလား လို့ သူပြောတော့ အမရာ လဲ တိုက်ထဲ လိုက်လာ သည် ..။ အထဲရောက်တာနဲ့ ဈန်ရမောင် သည် သူအလွန် နမ်းချင်သော အမရာ့ကို ဖက်ပြီး နှုတ်ခမ်းလေး ကို နမ်းစုတ်လေ သည်။

အမရာကလဲ ဈန်ရ နဲ့ ခုလို ချိန်းတွေ့ချင်နေတာ ကြာပြီ ..။ အိမ်မှာကလဲ မလွတ်လပ်ဘူး ..။ ညဘက်ဆို ဈန်ရနေတဲ့ ရေကူးကန်ဘေးက တိုက်လေး ကို ဆင်းသွားပြီး ဈန်ရ ရင်ခွင်ထဲ ခိုနားချင်စိတ်တွေ အရမ်း ဖြစ်တာ။ချစ်သူ နဲ့ နေချင်စိတ် ဖြစ်တိုင်း အမရာ့မှာ စိုစိုရွှဲ ရ သည် ..။ ထမိန်တွေ စိုကွက်ကုန်ရ သည် ..။ အခုတော့ ဈန်ရ နဲ့ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ် နေရာတခု မှာတွေ့ရတော့ သူမကိုယ်တိုင်က တွေ့ချင်နေမိသူမို့ သူမလဲ စိတ်ပါလက်ပါ ပြန်လည် နမ်းစုတ်လေတော့ သည်။

အမရာ ရဲ့ ခါးသေးတင်ကား ကိုယ်လုံးလေး ကို ပွတ်သပ်နေ သည် ..။ နှုတ်ခမ်းချင်း အခွာ ဈန်ရ သည် ချစ်တယ်..အရမ်းချစ်တယ်..လို့ တတွတ်တွတ် ပြောရင်း..အမရာရဲ့ လည်တိုင်ကို နမ်း သည် ..။ လည်တိုင်ဖွေးဖွေးကို နမ်းနေတော့ အမရာ တုန်ခါပြီး ကြက်သီးမွေးညင်းတွေ ထရ သည် ..။ လည်တိုင်ဆီကနေ ပုခုံးသားလေးတွေ နဲ့ ရင်ညွန့်နေရာဆီကို သူ ဆက်နမ်းနေပြန် သည်။

အမရာ့စိတ်ထဲမှာ သိနေသည် ..။ သူ့အနမ်းတွေ အောက်ဘက် ဆက်ဆင်းအုံးမည် ဆိုတာ ..။ သူမ ထင်ထားတဲ့အတိုင်းပါဘဲ ..။ ဈန်ရ သည် အမရာ့ လက်ပြတ် ဂျင်းရှပ် အင်္ကျီလေး ရဲ့ အပေါ်ဆုံး ကြယ်သီးလေး ကို ထောက်ကနဲ ဖြုတ်ဖွင့်လိုက်သည် ..။ ထိုအခိုက် သူ့ဖုန်းက တစ်ကလစ် တစ်ကလစ် နဲ့ မြည်လာ သည် ။သူ မကျေမနပ်. နဲ့ ဖုန်းကို ကြည့်လိုက်တော့..ဟိုက် . .ဦးထွန်းချုပ် ခေါ်တာ။

“ ဟလို..ဈန်ရမောင် ပါ.. .”

“ အေး..ဈန်ရ..အန်ကယ်လ် အရေးတကြီး  ပေါ်လို့..အန်ကယ်လ့် ကို မင်း လုပ်ပေးနိုင်မလား ..”

“ ဟုတ်ကဲ့..ပြောပါ အန်ကယ်လ်..ကျနော် လုပ်ပေးပါမယ် …”

ဦးထွန်းချုပ် ပြောတာတွေကို သူ လိုက်မှတ်ရ သည် ..။ အမရာကတော့ ဈန်ရ နဲ့ နမ်းနေခိုက် သူမအဖေ ဖုန်းဆက်လာတာ နဲ့ ကြုံလို့ အံ့သြနေ သည် ..။ဈန်ရ လဲ ဦးထွန်းချုပ် ဖုန်းချသွားတော့ ဖုန်းကို ဘေးက စားပွဲပေါ်တင်လိုက် သည် ..။ အမရာက..“ ထူးထူးဆန်းဆန်း..ဒက်ဒီက ကိုကို့ဆီကို ဖုန်းဆက်ပါလား..ဘာလို့လဲ ..” လို့ မေး သည် ..။

“ သူ့မန်နေဂျာတွေ ကို ကွန်တက် လုပ်လို့ မရလို့ ကိုကို့ဆီကို ဆက်တာ ..အန်ကယ် နဲ့ သီဟ က မလေးရှားမှာ ရောက်နေတယ် လေ..” လို့ ဈန်ရ က ဖြေပြီး အမရာ နဲ့ စောစောက လုပ်နေတဲ့ အဖက်အနမ်းလေးတွေ ကိုပြန်စဖို့ ကြိုးစားလေ သည် ..။

အမရာ နဲ့ နှုတ်ခမ်းချင်း..လူချင်း ပြန်ပူးသွားရပြန် သည် ..။ ဒီတခါတော့ အနမ်းတွေက ပိုကြမ်းလာ သည်။တချက်တချက် ပွက်ကနဲ ပတ်ကနဲ အသံတွေတောင် ထွက်လာ သည် ..။ အမရာ ရဲ့ ကြယ်သီးတလုံးထဲ ဖြုတ်ထားတဲ့ ဂျင်းရှပ် လက်ပြတ်လေး ရဲ့ ကြယ်သီးအားလုံး ကို တထောက်ထောက် နဲ့ အကုန်ဖွင့်ဖြုတ်လိုက် သည် ..။ဘရာစီယာအတွင်းခံဖြူဖြူလေး နဲ့ အဲဒီ ဘရာစီယာ က အတင်းချုပ်နှောင်ထားလို့ ရုန်းကန်တိုးထွက်ချင်နေကြတဲ့ အမရာရဲ့ ရင်သားတွေ ရဲ့ အပေါ်ပိုင်း ကို ဈန်ရ တွေ့မြင်လိုက်ရ သည် ..။ ဈန်ရ လဲ ရင်မို့မို့တွေရဲ့ အ
ထက်ပိုင်း နေရာ နဲ့ ရင်နှစ်မွှာအကြားက နေရာလေး ကို နမ်း လိုက် သည် ..။ အမရာလဲ ခေါင်းလေးမော့ပြီး မျက်လုံးတွေ မှိတ်လို့ သူနမ်းသမျှ ကို ခံနေ သည် ..။ သည် အချိန်မှာဘဲ အိမ်ရှေ့တံခါးကြီး ကို တဒေါက်ဒေါက် နဲ့ ခေါက်တဲ့ အသံ ပေါ်ထွက်လာ သည် ..။

အို..ကိုကို……တံခါး ခေါက်နေတယ် …..   ။ဘယ်သူလဲ ..။ဈန်ရ အိမ်ရှေ့တံခါး ဆီကို ပြေးထွက်သွား ကာ ကြည့် သည်။စားပွဲပေါ်တင်ထားသော ဈန်ရ ရဲ့ ဖုန်း တစ်ကလစ် တစ်ကလစ် နဲ့ မြည်လာပြန် သည် ..အမရာ လဲ သူမအဖေကြီး နောက်တခါ ထပ် ခေါ်ပြန်ပြီ လို့ ထင်လိုက် သည် ..။ ဈန်ရ ဖုန်းကို ကောက်ယူ ကာကော်လာအိုင်ဒီကို ကြည့်လိုက် သည် ..။ တိုက်ဂါးကလပ် …ဆိုပါလား …။အမရာ ဖုန်း ထူးလိုက် သည် ..။တဖက်က မိန်းမတယောက် ရဲ့ အသံ ..။

“ ကိုဈန်ရ နဲ့ ပြောချင်လို့ပါ . . .”

“ သူ အပြင်ခဏ ထွက်သွားတယ်…ခုပြောတာဘယ်သူပါလဲ …”

“ ရှုတိုင်းယဉ် …နောက်မှ ပြန်ဆက်မယ် လေ….”

တဖက်က ဖုန်းချသွား သည် ..။အမရာ ဒိုင်းကနဲ ဒေါသတွေ ဆူဝေပေါက်ကွဲသွား သည်။သူ..သူ ဘာတွေ ရှုပ်နေလဲ …သူ မိန်းမ ရှုပ်နေတယ် …အမရာ ငိုပြီ …။မျက်ရည်တွေ ပေါက်ကနဲ ပေါက်ကနဲ ကျလာ သည် ..။ နှုတ်ခမ်းလေးတွေ တဆတ်ဆတ် တုန်လာ သည်။မဲ့မဲ့လေး ငိုနေပြီ ..။

“ အလှူခံ လာတာပါ ..အိမ်ရှေ့မှာ ကားရပ်ထားတာတွေ့လို့ လူ ရှိနေတယ် ဆိုပြီး ရပ်ကွက်က လာအလှူခံတာ…ဟင် ..မီးငယ်..ဘာဖြစ်လဲ..ဘာဖြစ်လဲ …ငိုနေတယ်….အိုး…..”

ဈန်ရ ပြန်ရောက်လာပြီး အမရာ ငိုနေတာ တွေ့သွားပြီး ပြာပြာသလဲ မေး သည်။အမရာ လဲ ဈန်ရ ကို တွန်းဖယ်ပြီး အိမ်ရှေ့ကို ပြေး သည်။

“ မီး..ငယ် …ဘာဖြစ်လဲ ..ဘာ စိတ်ဆိုးလဲ……”

အမရာ လဲ..“ ကိုကို မကောင်းဘူး..ဆော် ရှုပ်တယ် …ကောင်မ တကောင် ဆက်တယ် …” လို့ အော်ပြီး အိမ်ထဲက တအားထွက်ပြေး သည် ..။ ဈန်ရ သည် သူ့ဖုန်းကို ကောက်ယူ က ဘယ်က ဆက်လဲ ကြည့်ရင်း အမရာ့နောက်ကို ပြေးလိုက် သည် ..။ အမရာ သည် အိမ်ရှေ့က လမ်းမဆီကို ပြေးသွားနေ သည် ..။“တိုက်ဂါးကလပ် ..” က ခေါ်တာ ကို ဈန်ရ တွေ့ပေမဲ့ ဘယ်သူခေါ်သလဲ ဆိုတာ သူ မသိ ..။ စဉ်းစားလို့ မရ..။တိုက်ဂါးကလပ် က သီဟ နဲ့ သူ သွားတတ်တဲ့ နိုက်ကလပ်တခု ဘဲ။အမရာ သည် တက်ဆီတစီး လာနေတာတွေ့လို့ တားနေ သည် ..။

“မီးငယ် …ကိုကို့ကို စိတ်မဆိုးပါနဲ့ ..နေပါအုံး …”

တက်ဆီကား ပေါ်အတက် …“ သစ္စာမဲ့တဲ့လူ ဆို ကျမ မုန်းတယ် …တော်ပြီ ….တော်ပြီ….” မလို့ အမရာ အော်ပြောသည် ..။ တက်ဆီကား မောင်းသူကို မြန်မြန်ထွက်ပါ..မောင်းပါလို့ အမရာ အော်ပြောနေတာ ဈန်ရ ကြားလိုက်ရ သည်  ..။ တက်ဆီကား ၀ူးကနဲ မောင်းထွက်သွား သည် ..။ဟား…သွားပြီကွာ ….ဘယ်သူများ ဖုန်းခေါ်လဲ မသိဘူး။အမရာ သည် သူ့ကို အတွေ့မခံတော့ ..။ ဖုန်းလဲ မထူး ..။ ရှောင်နေ သည် ..။ သူတို့ အိမ်မှာလဲ လုံခြုံရေးကင်မရာတွေ တပ်ပြီးတဲ့အပြင် ခြံစောင့်တွေလဲ ထပ် ခန့်ပြီးတာကြောင့် ဈန်ရ သွားစောင့်ပေးစရာ မလိုတော့ဘူး ..။ ဈန်ရ သူ့မိဘအိမ်မှာဘဲ ပြန်နေနေ သည်။

“တိုက်ဂါးကလပ် ” ကို သူ့ဆီကို ဘယ်သူ ဖုန်းခေါ်လဲ စုံစမ်းကြည့်တော့..“ရှုတိုင်းယဉ် ”ဆိုတဲ့ ကောင်မလေး ခေါ်တာ မှန်း သိရ သည် ..။ တခါက သီဟ အရက်မူးပြီး ရှာမရ ဖြစ်တုံးက သူ သူ့ဖုန်းနံပါတ် ကို “ ရှုတိုင်းယဉ်”ကို ပေးထားခဲ့ဘူး တာကို အမှတ်ရလိုက် သည် ..။ ဈန်ရ လဲ အမရာ့ကို ဖုန်း မက်ဆိတ်ခ်ျ ရော..အီးမေးလ် နဲ့ရော..ရှင်းပြ သည် ..။ တိုက်ဂါးကလပ်က ရှုတိုင်းယဉ် ကိုလဲ မေးနိုင်ကြောင်း..ဘာမှ မဟုတ်ဘူး ဆိုတာ ရှင်းပြ သည်။အမရာ့ဘက် က ဘာမှ မတုံ့ပြန်။

ဈန်ရ အတွက် သင်္ခန်းစာ ဘဲ ..။ ရှုတိုင်းယဉ် နဲ့ သူ ဘာမှ မဟုတ်လို့ သူ အမရာ့ ကို ဖြေရှင်းနိုင်ပေမဲ့ တကယ်သူ ညိနေသော ဒေါ်ရွှေရည်ချုပ် နဲ့ ခင်ချိုအုန်း တို့နဲ့ ပတ်သက်ပြီး အမှုကြီးလာမယ် ဆိုရင် ဘယ်လိုမှ ငြင်းလို့ရမှာ မဟုတ်ဘူး ..။ သူ အမရာ့ရဲ့ အဆက်အသွယ်ဖြတ်တာ ကို ခံနေရတာ အလွန်ဘဲ ခံစားနေရ သည် ..။ဒေါ်ရွှေရည်ချုပ် နဲ့ ခင်ချိုအုန်း တို့နဲ့ ဇာတ်လမ်းတွေကို သူ ရပ်ပစ်လိုက်တော့မည် လို့ စိတ်ပိုင်းဖြတ်မိ သည် ။သူတို့ ခေါ်တဲ့ ဖုန်းတွေကို လဲ မထူးချင်တော့ ..။ ဒီနံပါတ် နဲ့ ဖုန်းကိုလဲ သူ မသုံးချင်တော့ ..။အမရ ရဲ့ ဥပက္ခာပြုတာကို သူ အရမ်း ခံစားနေရပြီ။

သီဟ နဲ့ သူ့အဖေကြီး ပြန်ရောက်လာ သည် ..။ ဈန်ရလဲ သီဟ အိမ်ကို သွားဖို့ ၀န်လေးနေ သည်။သီဟ ကလဲ ရောက်တာ နဲ့ ကြွေမ ဆီကို ပြေး သည် ..။ ဈန်ရ ကို အဖေါ်လိုက်ခဲ့ဖို့ ခေါ် သည် ..။ဈန်ရ စိတ်မပျော် ဖြစ်နေတာ သီဟ ရိပ်မိ သည် ..။ ဘာဖြစ်ကလဲ ခဏခဏ မေး ပေမဲ့ ဈန်ရ ဘယ်လို ပြောပြနိုင်မလဲ ..။ ကြွေမတို့ ရွာ ကို ရောက် ပြီး ကြွေမတို့ စီးပွားရေး ကောင်းနေတာ သီဟ နဲ့ ဈန်ရ တွေ့ကြရ သည်။ ကြွေမ ရဲ့ ညီမလေး စုထွေး သည် ဈန်ရ ကို သိသိသာသာ အထာပေး..ရေလာမြောင်းပေး လုပ် သည်။ဈန်ရ သည် နောက်ထပ်တခါ မမှားလိုတော့ ..။ အမရာ စိတ်ဆိုး..အဆက်ဖြတ်ပြီးကထဲက သူ ဘယ်မိန်းမ နဲ့မှ မဆက်ဆံတော့ ..။ အမရာ့ ကွယ်ရာ မှာ သူ ကဲခဲ့တာတွေ ကိုလဲ နောင်တရနေ သည်။

အမရာ သည် ဈန်ရ ဖြေရှင်းချက်တွေကို ဖုန်းမက်ဆိတ်ခ်ျ မှာရော..အီးမေးလ်မှာ ရော ၇ပါ သည်။သို့ပေမဲ့..အချစ်ကြီးရင် အမျက်ကြီးသည် ဆိုတဲ့ စကား အတိုင်း ..သူ  ဘာလို့ တခြားမိန်းမ ကို ဖုန်းနံပါတ်ပေးသလဲ..ဆိုပြီး သူ့အပေါ် စိတ်ဆိုးဆဲ ဘဲ ..။ ဘားက နိုက်ကလပ်က ကောင်မတွေ နဲ့ ပတ်သက်တာလဲ မကျေနပ်ဘူး ..။အမရာ သူငယ်ချင်းတွေ နဲ့ တွဲပြီး ဈန်ရမောင် ကို မေ့ပစ်နိုင်အောင် ကြိုးစား သည် ..။ စားသောက်ဆိုင်တွေ သွားစား သည် ..။ ကုန်တိုက်ပလာဇာ တွေမှာ ရှော့ပင် သွား သည် ..။ ချောင်းသာ ကမ်းခြေကို သွား သည်။

အခုလဲ မြသက်ထားတို့နဲ့ တီးဝိုင်းတခု သွားကြည့်ဖို့ ချိန်းထား သည်။ဂျက်မြသောင်း ရဲ့ သီချင်းများ ပြန်ဆိုဖြေဖျော် တဲ့ ပွဲတခု ..။ တခြား အဆိုတော်တွေက ဂျက်မြသောင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ သူ့သီချင်းတွေကို လာဆိုကြမှာ။ အမရာ လဲ ဂျက်မြသောင်း ရဲ့သီချင်း တွေကို သဘောကျခဲ့ ပြီး  သူမ အရမ်းကြိုက်တဲ့ အဆိုတော်တွေ ဖြစ်တဲ့ လေးဖြူ နဲ့ ဆုန်သင်းပါ တို့ လဲ လာဆိုမည် ဆိုလို့ ပို စိတ်ဝင်စား သည် ..။ မြသက်ထား သည် အမရာဘာတွေ ဖြစ်နေလဲ သိထားသူမို့ အမရာ စိတ်ချမ်းသာအောင် …စိတ်အပြောင်းအလဲ ဖြစ်အောင် တေးဂီတဖျော်ဖြေပွဲတွေ ကို လက်မှတ်တွေ ၀ယ်ပြီး အမရာ့ကို ခေါ်ခေါ်သွား သည်။

အမရာ စိတ်မပျော်ဘူး ..။ အ၀တ်အစားလဲပြီး မြသက်ထား လာခေါ်တာကို စောင့်နေသည် ..။ အခု  အမရာ ကားမမောင်းဖြစ်တာ ကြာပြီ ..။ မြသက်ထား က သူ့ညီမကို  သူတို့သွားမဲ့ ဂီတပွဲကို လိုက်ပို့ခိုင်းမည် လို့ ပြောသည်  ..။  စားပွဲပေါ်က လက်ကိုင်အိတ်ကို ယူဖို့ လုပ်တော့ ဟိုတလောက ရွှေဆိုင်မှာ ဈန်ရအတွက် သူမမှာပြီး ပေးဖို့ ရွေးလာတဲ့..ကိုကို့ကို သိပ်ချစ်တယ် ..ဆိုတဲ့ စာတန်းပါတဲ့ ရွှေပြား ဆွဲကြိုးလေး ကို တွေ့လိုက်သည်..။   အမရာ ငိုင်သွား သည် ..။ အခု ဒီဆွဲကြိုးလေး သည် အလကား ဖြစ်သွားပြီလား။

သူ့ကို အမရာ ခွင့်မလွှတ်နိုင်ဘူးလား ..။ တကယ်တော့ ဈန်ရလို ရုပ်ဖြောင့်ဖြောင့် ဘော်ဒီတောင့်တောင့် လူငယ်တယောက် ကို မိန်းကလေးတွေ အရေးပေး..အထာပေး တာကိုလဲ အမရာ သိသားဘဲ ..။ နိုက်ကလပ်  က ကောင်မလေးတွေ ဆိုတာလဲ  ဘယ်ယောင်္ကျားကို မဆို ညုတုတု နဲ့ ဖုန်းတွေဘာတွေ ဆက်တတ်တာဘဲ ..။ဈန်ရ ရှင်းပြတဲ့အတိုင်း ဆိုရင်တော့ ကိုကြီးသီဟ ကို လိုက်ရှာရင်း..တွေ့ရင် ခေါ်ဖို့ နံပါတ်ပေးခဲ့တာ..တဲ့။

ဒေါ်ရွှေ၇ည်ချုပ် သည် ဈန်ရ သူ့ကို  ရှောင်နေတာကို သိခါစ က တော်တော်လေး ခံစားခဲ့ရ သည်။ဖုန်းလဲ ခေါ်လို့ လဲ မရ ..။သူမ ဘာများ လုပ်မိလို့လဲ ..။ စ်န္ရ ဘာမ်ား စိတ္ခုသြားလဲ ..။ သူမ နဲ့ ဈန်ရ က လူမသိအောင် ခိုးပြီး ချိန်းတွေ့နေကြတာ ..။ တရားဝင် အတိအလင်း လဲ မတွဲရဲ ..။ ခုလို ဈန်ရ က ရှောင်နေတော့ သူမ တော်တော် ခံပြင်း သလို ရင်ထဲမှာ နာကျင် သည် ..။တနေ့ တူမလေး အမရာ.. ဒေါ်ရွှေရည်ချုပ် အိမ်ကို ရောက်လာ သည် ..။ အမရာ သည် စိတ်ဆင်းရဲ နေသည် ..။

ဘာဖြစ်လဲ မေးတော့လဲ မဖြေဘူး ..။အစားလဲ မစားဘူး ..။ ဒေါ်ရွှေရည်ချုပ် သည် ဒီတူမလေး ကို ကလေးပေါက်စ အရွယ်ထဲက အရမ်းချစ်ခဲ့ အလိုလိုက်ခဲ့ သည် ..။ ဒါကြောင့်လဲ အမရာ သည် သူမစိတ်ဆင်းရဲသော အခါ အဒေါ်ဖြစ်သူ ဆီကို ပြေး သည် ..။ အဒေါ်ကို ဖက်ငို သည် ..။ သေသေချာချာ မေးတော့ ဈန်ရ နဲ့ ရီးစားဖြစ်တာတွေ သိလိုက်ရ သည်။သိသိချင်း ဒေါ်ရွှေရည်ချုပ် အရမ်း အံ့သြ သလို ဈန်ရကိုလဲ ဒေါသထွက် သည် ..။ အဒေါ်ကိုရော တူမကိုရော လုပ်လို။

သူမ နဲ့ ဈန်ရ ဖြစ်ပျက်တာက လူသိမခံနိုင်တာကြောင့် မြိုသိပ် ထားရ သည် ..။ ဈန်ရ နဲ့ တူမလေး ကတော့ အသက်တူအရွယ်တူ ဖြစ်ပြီး ..လိုက်ဖက်ကြ သည် ..။ တကယ်တော့လဲ ဈန်ရမောင် နဲ့ သူမ ဇာတ်လမ်း က လူမသိခင်..မပေါက်ကြားခင် ရပ်တန်းက ရပ်လိုက်ရင် ကောင်းမည် ဆိုတာကို သူမ သဘောပေါက် သည်  ..။ သို့ပေမဲ့ သူမ သည် စိတ်ကို အလိုလိုက်ပြီး ရှေ့ဆက်ခဲ့တာ ..။ ဆန္ဒကို ဦးစားပေး ခဲ့တာ ..။

ဈန်ရ သူမကို ပေးစွမ်းတဲ့ ကာမ အရသာတွေကြောင့် လဲ ဆက်တိုးခဲ့တာ ..။ အခုလို တူမလေးနဲ့ ရီးစားဖြစ်သွားလို့ ဈန်ရ နဲ့ သူမ ဆက်ဆံရေး ရပ်တန့်သွားတာလဲ ကောင်းတာပါဘဲ လို့ တွေးမိပြီး စိတ်ဖြေ သည် ..။ အချစ်စိတ် နဲ့ ခံစားနေရတဲ့ တူမလေး ကိုလဲ သနား သည် ..။အမရာ သည် မြသက်ထားတို့နဲ့ ဂျက်မြသောင်း တေးဂီတပွဲမှာ ရောက်နေ သည် ..။ သီချင်းတွေကို နံမည်ကြီးအဆိုတော်များ သီဆိုဖျော်ဖြေနေကြတာကို နားထောင်ရင်း ..စိတ်ပျော်အောင် ကြိုးစားနေ သည်။

အဆိုတော်တင့်တင့်ထွန်း က ဂျက်မြသောင်း ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ကြွေတယ်အချစ် ဆိုတဲ့ သီချင်း ကို ဆို မည်လို့ ကြေညာလိုက် သည်။ ကျောမခိုင်းခင် နောက်ပြန်လှည့်ဦး..မင်းမျက်နှာကြည့်မ၀သေးခင်ခွဲမသွားခင် ခဏနေပါအုံး..မင်းနဲ့နောက်ဆုံး စကား ပြောချင်တယ်.. နေပါအုံး…နေပါအုံး…နေပါအုံး…..မင်းအချစ်တွေ မင်းပြန်ယူသွား…ငါ့အချစ် ပြန်ထားပြီးမှသွား ..မင်းအချစ်တွေ သစ္စာ မရှိဘူး..မတည်ငြိမ်ဘူး  ..မတည်ငြိမ်ဘူး ….   မတည်ငြိမ်ဘူး………ငိုနေတယ် မင်းကြောင့်သာ…ငိုနေတယ်..ငိုနေတယ် …. ကြွေနေတယ်..မင်းကြောင့်သာ..ကြွေနေတယ်..ကြွေနေတယ်.. ကြွေနေတယ်…။

အခုတော့လေ မသက်ဆိုင်တော့ပေမဲ့..ရင်ထဲမှာ စွဲမြဲ ချစ်နေတုံးဘဲ…..မင်းပါးပြင် ထက်မှာ အနမ်းတွေ ပေးဝေဘူးတာ. လဲ  သတိရနေတယ် ….အင်း……….မင်းနဲ့အတူ လျောက်လည်ခဲ့တဲ့ နေရာလေးတွေ ရောက်ရင်လဲ..လွမ်းနေမယ် …..ငိုနေမယ်..ငိုနေမယ် …..   ….အချစ် ….  ကြွေနေတယ်…ကြွေနေတယ် ……အချစ် ….. ခြေလှမ်းပြင် လှည့်ပြန်ချိန်မှာ ပေါက်ကွဲ ခံစားမှုများနဲ့…ငါ့အသဲအိမ် မီးတွေလောင်ကျွမ်း..ရင်ထဲဆူပွက် ကွဲအက်ကုန်ပြီ…..ညှာတာအုံး….ညှာတာအုံး …..ငိုနေတယ်..မင်းကြောင့်သာ..ငိုနေတယ်..ငိုနေတယ်…. ကြွေနေတယ်..မင်းကြောင့်သာ..ကြွေနေတယ်…ကြွေနေတယ်….ကြွေနေတယ်…..။

သီချင်းစာသားတွေ က ဈန်ရမောင် ကို သတိရစေ သည် ..။ အမရာ ရဲ့ ပါးပြင်မှာ မျက်ရေတွေ စီးကျနေ သည်။ဟုတ်တယ် ..ကိုကို ..။ကိုကို့ကြောင့် မီးငယ် ..ကြွေနေတယ် ..ငိုနေတယ် ….   ။ မီးငယ် ကိုကို့ကို စချစ်တာပါ …။ ကိုကို မချစ်ခင်ထဲက တဖက်သပ် ချစ်နေမိခဲ့တာပါ ..။ကိုကို့က မိးငယ် ကို ချစ်တယ် ပြောတော့ မီးငယ် အရမ်းပျော်ခဲ့တယ် ..။ ကိုကို နဲ့ ချစ်လို့ ဖြစ်လာမဲ့အခက်အခဲတွေကိုလဲ မီးငယ် ရင်ဆိုင်ပစ်မယ်လို့ ဆုံးဖြတ်ခဲ့တယ် ..။ဒက်ဒီတို့ သဘောမတူလဲ ကိုကို နဲ့ မရရအောင် လက်တွဲမယ်လို့ ဆုံးဖြတ်ထားတာ။

အခုလဲ မီးငယ်လေ ..ကိုကို့ကို ကြိုးစားပြီး မေ့ပစ်ကြည့်ပေမဲ့ မရဘူး ..။ ကိုကို့ကို မီးငယ် မုန်းလို့မရဘူး ..။ မီးငယ် လေ..ကိုကို့ကိုဘဲ အမြဲ သတိရနေလို့..။ မုန်းလို့ မရလို့ ..။မြသက်ထား သည် သီချင်း ဆုံးသွားတဲ့ အချိန်..“မဆိုးဘူးနော်..အမရာ..” လို့ ပြောရင်း လှည့်ကြည့်လိုက်တော့ အမရာ မျက်ရေတွေ ကျနေတာ တွေ့သွား သည်။

“ဟင် ..သူငယ်ချင်း ..ယူ ငိုနေတယ် …”

“ အင်း ..သီချင်း က ဒို့နဲ့ သူနဲ့ အကြောင်း ဆိုသလို ခံစားရလို့ ..”

“ အင်း..အမရာ ..ယူ သူ့ကို အရမ်းချစ်နေတုံးဘဲ..ဒို့သိလိုက်ပြီ ..”

အမရာ လဲ မြသက်ထား ရဲ့ လက်ကို ဆုတ်ကိုင်လိုက် သည် ..။ မြသက်ထား က..“ ယူ ကိုဈန်ရ ကို ပြန်လက်ခံလိုက်ပါကွာ..ယူတို့က တယောက် နဲ့ တယောက် သိပ်ချစ်ကြပြီး..ဘာမဟုတ်တဲ့ ဟာလေး နဲ့..ဖြစ်ကြတာ …” လို့ တိုးတိုးလေး ကပ်ပြောလေ သည်။

Leave a Reply

Your email address will not be published. Required fields are marked *