ငါ့ဘေးမှာ မင်းရှိရင် အပိုင်း (၃)

“ ဆာပြီလား ..”

စောင်ပါးလေး ခြုံ ထားသော စိန်စိန်သဲစိမ့် က ပြုံးပြုံးလေး ခေါင်းညှိမ့်ပြ သည် ..။သီဟ ကုတင်ဘေး က ဖုန်းကို လှမ်းယူလိုက် သည် ..။
ဈန်ရမောင် ကို ခေါ် သည် ..။

“ဈန်ရ ..ဒို့ ဆီ ပြန်လာလို့ ရပြီ ..”

“ ရောက်နေပြီ  ..”

“မင်း ဘယ်မှာလဲ ..”

“ အပြင်မှာ ..စားစရာတွေ ပြင်ပြီးပြီ …”

“ဟား။။အိုကေ ..စိမ့်..ဆာနေပြီကွ..”

“ ရယ်ဒီဘဲ …”

အမရာထွန်းချုပ် သည် မြသက်ထား ပြောပြတာတွေ ကို ပြုံးပြုံးလေး နားထောင်နေ သည် ..။မြသက်ထား က အမရာထွန်းချုပ် အတွဲဆုံး ..ဘော်ဒါ ..။ ကိုကြီးသီဟ နဲ့ ဈန်ရမောင် တွဲသလိုမျိုး ..။မြသက်ထား က ဒေါ်လီဇွဲမောင် အကြောင်း ကို ပြောပြနေတာ ..။ဒေါ်လီဇွဲမောင် သည် အမရာ နဲ့ ဈန်ရမောင် မနက်စောစော အင်းလျားလမ်းဒေါင့်က မုန့်ဟင်းခါးဆိုင် မှာ နှစ်ယောက်ထဲ လာစားကြတာကို တွေ့ကြောင်း..ကင်တင်းမှာ စားရင်း ပြောနေတာ မြသက်ထား ကြားခဲ့လို့ ..။အမရာ ပီတိဖြစ် နေ သည် .. ။ ကျေနပ်နေ သည် ..။ဒေါ်လီဇွဲမောင် ပြောနေတဲ့ လူတွေထဲ အမရာ့ကို တအားကြိုက်ပြီး လိုက်နေတဲ့ ဗိုလ်မင်းဂါ  ဆိုတဲ့ ဘဲ ပါ ရှိနေလို့  ..။ ကောင်းလိုက်တာ ..။မြသက်ထား က ရယ်ပြီး ..“ ဗိုလ်မင်းဂ္ဂါ က ..မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး …” ဆိုပြီး ..မျက်နှာ တအားပျက်နေတာဘဲလို့ ပြောပြ နေ သည် ..။“ အမရာရေ ..ဗိုလ်မင်းဂါ  ဆိုတဲ့ဘဲ တော်တော် ခံစားသွားရတဲ့ ပုံဘဲ . .” မြသက်ထားက ပြောပြောပြီး ရယ်လို့ မဆုံး ..။

“ အမရာ..ယူ့မွေးနေ့ကျရင် ..ယူ့ ကိုဈန်ရကြီး ရှိနေမှာလား ..”

“အင်း ..သူ့ကို ဒို့ လာဖို့ပြောထားတာဘဲ ..သူကလဲ လာချင်ပုံရတယ် ..ကိုကြီး က သူ့ကို ပဲခူးကို လိုက်ဖို့ ချိန်းထား လို့ ..”

“ အမရာ ယူ့ကို ဒို့ တခု မေးလို့ရမလား ..”

“ အမလေး..သက်ထားရယ်…စကားပလ္လင်ခံနေရသေးတယ် ..ဘာမေးမှာမို့လဲ ..”

“ ဒို့မေးချင်တာက ယူ ..ကိုဈန်ရ ကို ချစ်နေလား ..လို့”

အမရာ မြသက်ထား ကို ဆတ်ကနဲ မော့ကြည့် သည် ..။ မြသက်ထား က သူမကိုများ အမရာ စိတ်ဆိုးသွားသလားဆိုပြီး လန့်သွားသည် ..။ အမရာ က ..“ ဒို့လဲ ဒါကိုဘဲ ဒို့ဖါသာ ပြန်မေးမေးနေမိတာ ..အကြိမ်ပေါင်းများစွာဘဲ သက်ထား ..” လို့ ပြော သည် ..။

“ ဒီတော့..ဘယ်လို အဖြေထွက်သလဲ..အမရာ ..”

“ သူ့ကို ဒို့ ရင်ထဲက နက်နက်ရှိုင်းရှိုင်း ချစ်မိနေတယ် ဆိုတာဘဲ ..သက်ထား …”

ဈန်ရ ကားမောင်းနေ သည် ..။ဖုန်းမြည်လာ သည် ..။ သီဟ ဆီက ..။

“ ပြော..သီဟ..”

“ မင်း ဘယ်မှာလဲ ..”

“ ဆိပ်ကမ်းက ကားထုတ်ပြီး ခုဘဲ ထွက်လာတာ ..”

“အော..အမ်အယ်သရီးတွမ်တီး လား ..ဘယ်လိုလဲ..သန့်လား ..မှာလဲ အင်း..တော်တော်ကောင်းတယ် ..မင်းကော ဘယ်မှာရောက်နေလဲ ..”

“ ကိုးမိုင် မှာ..ပေါက်ဖေါ် ရဲ့ ဆိုင်မှာ ..”

“ စိန်စိန်သဲစိမ့် နဲ့လား ..”

“ မဟုတ်ဘူး ..ဈန်ရ ..မင်းကို တခု ပြောပြမလို့…ဟိုနေ့ထဲက ပြောမလို့ ..”

သီဟ က တဖက်က ချက်ချင်းမပြော ..။

“ ပြောလေ..ဘာလဲ ..”

“ စိန်စိန်သဲစိမ့် က ငါ နဲ့ မတွေ့ခင် အရင် အတွေ့အကြုံ ရှိပြီးသား ကွ…”

“ ဟင်..ဟုတ်လား ..”

“အေး ..ဈန်ရ ရာ ..အပျိုစစ်စစ် မဟုတ်တာက ဒီလောက် အရေးမကြီးပါဘူး ..မင်း ..ဟန်ငွေလင်း သိတယ်မှုတ်လား  ..ကိုးတန်းမှာ မင်္ဂလာဒုံ က ဒို့ကျောင်း ကို ပြောင်းလာတဲ့ကောင် ..”

“ သိတယ် ..ဟန်ငွေလင်း ..ဘာဖြစ်လဲ ..”

“ ငါ နဲ့ စိန်စိန်သဲစိမ့် ..ပလာဇာတခု မှာ ဈေးဝယ်နေတုံး ..ဟန်ငွေလင်း နဲ့ ရုတ်တရက် တိုးတယ် …တိုးတော့စိန်စိန်သဲစိမ့် မျက်နှာ အရမ်းပျက်သွားတယ် ..ဟန်ငွေလင်း က စိန်စိန်သဲစိမ့် ကို နှုတ်ဆက်တာလဲ ပြီတီတီ နဲ့..ပထမ ငါ က ဒီကောင့်ကို စိတ်ဆိုးမိတယ် ..ငါ့ဆော်ကို ရိသဲ့သဲ့ လုပ်ရမလား ဆိုပြီး ..ဟန်ငွေလင်း က ငါ့ကိုခပ်လှမ်းလှမ်း ကို ခေါ်ပြီး ..သူ ဒီဆော်ကို ဖြုတ်ဘူးကြောင်း ပြောပြတယ် .. အရမ်း ရိပ်တဲ့ဆော် တဲ့..ငါ့ကို ကော..ဒီဆော် ဘယ်လောက် ရိပ်သလဲ .မေးတယ် ..ငါ ဘယ်လို ခံစားရမလဲ မင်းစဉ်းစားကြည့်ကွာ ..ဈန်ရ..”

“ဟာ..သီဟ..မင်း..မူးနေလား…မင်း အခု သောက်နေတာလား …”

သီဟ ရဲ့ အသံက အရက်မူးသံ ပေါက်နေ သည် ..။

“ ငါ့ကို အထည့်ခံရတာ ..ဈန်ရ ..သူ ပေါင်ထားတဲ့ လက်ဝတ်လက်စားတွေ ငါရွေးပေး ..သူ့အတွက် ငါ လုပ်ပေးတာတွေ အများကြီး ဘဲ..”

“ မင်းက သူ့ကို ကားမှတ်တိုင်မှာ စောင့်နေတာ စတွေ့ပြီး လိုက်ခဲ့တာဘဲကွာ ..သူက မင်းဆီကို လာတာမှ မဟုတ်တာ  ..”ုပ်ထားတဲ့ဒါပေမဲ့ သူက ရီးစားတောင် တခါမှ ထားဘူးတာ မဟုတ်ဘူး..တဲ့..ငါ့ကို ရိုက်စား လုပ်ချင်တာ ..ဈန်ရ ..ငါ့ကိုငတုံးငအ ထင်ပြီး ထည့်တာ ..ငါ ရှက်တယ် …”

“ ဘယ်သူမှ သိတာမှ မဟုတ်တာကွာ ..ငါ နဲ့ မင်းဘဲ သိတာဘဲ ..စိန်စိန်သဲစိမ့် အတွက် မင်း ကုန်ကျတဲ့ ငွေအမောင့် ကလဲ မင်းအတွက် နပ်သင်း ပါ ..ဘာမှ စိတ်ရှုပ် မခံနဲ့ သီဟ ..တယောက်မကြိုက်..နောက်တယောက်လုပ်နိုင်တာဘဲ ..၀မ်းဂိုး..တူးကမ်းပေါ့ ဟီး…”

“ မင်းက ရယ်နိုင်တယ်  ဈန်ရ ..ငါ က ခံစားနေရတယ် ..သူ့ကို ငါ ချစ်မိသွားတာ ..တောက် ..ဟန်ငွေလင်း ဖွတ်ဖွတ်ညက်ညက် ကျေအောင် လုပ်ထားတဲ့ ဆော် ကို ငါ က အတည် ချစ်နေတယ် ..တောက် ..ရှက်တယ် ..”

“သီဟ…ငါ အခုဘဲ လာနေပြီ..သိပ် မသောက်နေနဲ့ ..”

ဈန်ရ ရောက်သွားတော့ ပေါက်ဖေါ် ရဲ့ စားသောက်ဆိုင်မှာ သီဟ မရှိတော့ ..။ ပေါက်ဖေါ် က “ မင်းလူ..ဆော်ငယ်လေးတွေ တအုပ်ကြီး နဲ့ ပါသွားတာဘဲ ..” လို့ ပြောပြ သည် ..။

“ဟာ…ကျနော် သူ့ကို ကိုပေါက်ဖေါ် ဆီမှာ ဘဲ စောင့်နေပါလို့ သေသေချာချာ ပြောတာ ..ခက်တော့တာဘဲ..သူ တော်တော် မူးနေလား ..”

“ သိပ်တော့မမူးဘူး ထင်တာဘဲ ..”

“ ဘယ်သူတွေ နဲ့ ပါသွားလဲ..ကိုပေါက်ဖေါ် သိလား …ဘယ်က ဆော်တွေ လဲ ..”

“ ဒါတော့ ငါလဲ မသိဘူး ဈန်ရ ..ချာတိတ်မတွေဘဲ ..သူနဲ့တော့ တအားခင်ပုံရတယ် …”

“ အိုကေ..ကျနော် သူ့ကို လိုက်ရှာလိုက်အုံးမယ် …”

ဈန်ရ သီဟ ဖုန်းကို ခေါ်ကြည့်တာလဲ မထူး လို့ စိတ်ပူလာ သည် ..။အရင်ဆုံး ဆိပ်ကမ်းက ထုတ်လာတဲ့ မာစီဒီးကား ကို အိမ်ပြန်ပို့လိုက် သည် ..။သီဟ အဖေ ဦးထွန်းချုပ် နဲ့ ကားနဲ့ ပတ်သက်ပြီး ပြောစရာ ၇ှိလို့ အိမ်ထဲဝင်တော့ ဦးထွန်းချုပ် ..ဒေါ်မဒီထွန်းချုပ်တို့ ထမင်းစားနေ သည် ..။ ပြောစရာ ပြောပြီး ..အိမ်ထဲက အထွက် ..အိမ်ထဲ ၀င်လာသော အမရာ နဲ့ တိုး သည်  ။။တင်းနစ်ရိုက်ပြီး ပြန်လာသော အမရာ သည် အဖြူရောင် စပို့ရှပ် ကျပ်ကျပ်လေး နဲ့ အဖြူရောင် စကပ်အတိုလေး ၀တ်ထား သည် ..။

“ဟာ..ကိုစ်န္ရ ..”

“ မီးငယ် …”

အမရာ့ပေါင်တန်ဖြူဖြူတွေကို သူ မကြည့်မိရအောင် မျက်လုံးလွှဲဖယ် ထားရ သည် ..။

“ ဘတ်ဒေး..နော် ..မနက်ဖန် ..”

“ အင်း..မမေ့ဘူး ..အမရာ..အဲလေ..မီးငယ် ..”

“ ခု ဘယ်လဲ .ဒင်နာ စားပြီးပြီလား ..စားသွားလေ ..”

“ သီဟ ကို သွားခေါ်မလို့ ..”

သွားရှာမလို့လို့ ပြောရင် စိတ်ပူနေမှာ စိုးလို့ သွားခေါ်မလို့ လို့ ပြောလိုက် သည် ..။အမရာ လဲ.မျက်မှောင်လေး ကြုံ့ပြီး ..“ အင်း ..ကိုဈန်ရ လဲ ကိုကြီး နဲ့ဘဲ အလုပ်ရှုပ်နေတာဘဲ ..” လို့ ပြောတုံး ဦးထွန်းချုပ် က “မီးငယ် …” လို့ လှမ်းခေါ်တာ ကြားလိုက်ရ သည်။

“ ရှင် ..ဒက်ဒီ ..”

“ သွားလိုက်အုံးမယ် ..မီးငယ် ..”

နုတ်ဆက်ပြီး သီဟ နဲ့ သူ မောင်းနေကျ တိုယိုတာစလီကာလေး ကို မောင်းခဲ့ပြီး သီဟ ရှာပုံတော် ဖွင့် ပြီ ..။စိန်စိန်သဲစိမ့် နဲ့ပတ်သက်ပြီး သူ စိတ် ထိခိုက် ပြီး အရက်တွေ သောက် ပေါက်မြောက်ပြီး ဘယ်ကလပ် ..ဘယ်နေရာတွေ ရောက်နေပြီလဲ မသိဘူး…။ သွားနေကျ နေရာတွေ ကို စိတ်မှန်း နဲ့ လိုက်ရှာနေရ သည် ..။တဖြေးဖြေး နဲ့ ညဉ့်နက်လာ သည် ..။အလုံလမ်း ဘက် က နိုက်ကလပ်တခု ကို သတိရ သည် ..။ အဲဒီနိုက်ကလပ် က “ရှုတိုင်းယဉ် ” ဆိုတဲ့ ကောင်မလေး ကို သီဟ သဘောကျပြီး ခဏခဏ သွားတတ်တာ သူ မှတ်မိလို့ သီဟ အဲဒီများ ရောက်နေလား ဆိုပြီးသွားရှာ သည် ..။

သူဝင်သွားတော့ သီချင်းသံတွေ နားကွဲမတတ် ဆူညံနေ သည် ..။ ကောင်မလေးတွေ ကောင်လေးတွေလက်တွေ မြှောက်ပြီ ခုံနေကြ သည် ..။ Hoobastank ရဲ့ Crawling in the dark သီချင်း နဲ့ စိတ်လွတ်ကိုယ်လွတ်ကခုံနေကြသော လူငယ်များ ကြား…သီဟ ကို လိုက်ရှာ သည် ..။ အိမ်သာတွေအထဲထိ ၀င်ရှာကြည့် သည် ။အရက်ဘားနား ..“ရှုတိုင်းယဉ် ” ကို ရှာ သည် ..။   သူ့ခါးကို တယောက် လာတို့လို့ လှည့်ကြည့် သည် ..။ ရှုတိုင်းယဉ် ..။

“ဟေး..အကို ..တယောက်ထဲလား ..ဟိုအကို မပါဘူးလား …”

“အင်း ..အဲဒီအကိုကို ငါ လိုက်ရှာနေတာ..ဒီကို ဒီနေ့လာတာ တွေ့မိလား ..”

“ မတွေ့ဘူး ..အကို..မလာဘူး ..”

“ တကယ်လို့များ..သူရောက်လာရင် ..ငါ့ဆီ ဖုန်းဆက်ပေးဟာ..နော်..ကျေးဇူးတင်တယ် ..”

ရှုတိုင်းယဉ် ကို သူ့ ဖုန်းနံပါတ် ရေးပေးလိုက် သည် ..။ကလပ်ထဲက ပြန်ထွက် ခဲ့ သည် ..။ စိတ်ပူလာ သည် ..။ သီဟ ဘယ်ရောက်လို့ ဘာဖြစ်နေပြီလဲ . .။သူ့ကားနား ရောက်တော့..ကားတစီး ထိုးဆိုက်လာတာတွေ့လို့ လှမ်းကြည့်တော့..မောင်မောင်သောင်းထွန်း
ဆိုတဲ့ ကောင်လေး ဖြစ်နေ သည် ..။ ဒီကောင်လေး သည် သီဟ နဲ့ သူ့ ဘော်ဒါလေး ဖြစ် သည်..။မောင်မောင်သောင်းထွန်း သည် သူ့အဖေက နိုင်ငံခြားရေးဌာန မှာ လုပ်လို့ နိုင်ငံခြားတိုင်းပြည်တွေ ကို သူ့မိသားစု နဲ့ ရောက်ဘူးပြီး ..အမေရိကန် လူမဲများရဲ့ ပြောပုံဆိုပုံ ဟန်ပန် အမူအရာတွေကို အားကျပြီး ရန်ကုန်ကို ပြန်ရောက်လာသောအခါ မှာလဲ ဒီပုံစံ အမူအရာတွေ နဲ့ ပြောဆိုနေတာမို့ ..သီဟ နဲ့ သူ သဘောကျ ရယ်မော လေ့ ရှိခဲ့ သည် ..။မောင်မောင်သောင်းထွန်း က ပျော်ပြီးရင်းပျော်မယ် လုပ်နေတဲ့ ကောင်လေး။အရက်ဆိုင်..ဘီယာဆိုင် နဲ့ နိုက်ကလပ်..အနှိပ်ခန်းတွေ လှည့်ပတ် ပျော်နေတဲ့ ကောင်လေး ..။မောင်မောင်သောင်းထွန်း ပြေးလာ သည်။

“ဟေး..ကိုဈန် ..ကိုသီဟ တယောက် ဘယ်လို ဖြစ်တာလဲ..ပေါက်မြောက်ပြီး ..ဟော့ရှော့ ဇယားလေးတွေ နဲ့ ပါသွားတယ် …”

“ဟာ…ပြောပါအုံး…ဘယ်သူ နဲ့ ပါသွားလဲ…ဘယ်တုံးက တွေ့လိုက်သလဲ ..”

“ သိပ်မကြာသေးဘူး ..ကိုဈန်သိလား လမင်းသီတာ ဆိုတဲ့ ဇယားလေး နဲ့ ပါသွားတယ် ..”

“ ဘယ်ကိုလဲ ..”

“ ဒါတော့ ကျနော် လဲ မသိဘူး ..လမင်းသီတာ က ဟိုတယ် တခုမှာ နေနေတယ် လို့တော့ သိတယ် ..ကိုဈန်ဒီထဲက ဆော်လေးတွေ ကို မေးကြည့်ပါလား ..သူတို့ လမင်းသီတာ ဘယ်မှာ နေလဲ သိချင်သိမယ် ..”

ဈန်ရ ကလပ်ထဲ ပြန်ဝင်ပြီး.. ရှုတိုင်းယဉ်တို့ ဆီမှာ စုံစမ်း သည် ..။   လမင်းသီတာ နေတဲ့ ဟိုတယ် ကို သိရ သည် ..။ လမင်းသီတာ သည် ဒီဟိုတယ် မှာ တည်းခိုနေတဲ့ ပုံ နဲ့ ဟိုတယ် အခန်းသော့လေး နဲ့ ဟန်းဖုန်းလေး စားပွဲပေါ်ချ..ပြီး လာတည်းခိုတဲ့ နိုင်ငံခြားသားတွေ ကို အချဉ်ဖမ်းဖို့ ဒီဟိုတယ်မှာ လပေးလျော့ဈေး နဲ့ နေနေတာ လို့ ရှုတိုင်းယဉ် က ဈန်ရ ကို ပြောပြ သည် ..။

ဈန်ရ အဲဒီဟိုတယ် ကို ရောက်သွား သည် ..။ လမင်းသီတာ ရဲ့ အခန်းကို မေး သည် ..။ လမင်းသီတာအခန်း က ကုတင်ပေါ်မှာ သီဟ လုံးဝ ဖလက်ပြနေတာ တွေ့ရ သည် ..။ သီဟ ကိုယ်ပေါ်မှာ အ၀တ်မရှိ …။ “လမင်းသီတာ ..သူဘာလို့ ကိုယ်တုံးလုံး ဖြစ်နေတာလဲ ..ပြစမ်း..နင့်ဖုန်း ”မင်းသီတာဈန်ရ မင်္သကာလို့ လမင်းသီတာ ရဲ့ ဖုန်းကို စစ်ကြည့်လိုက် သည် ..။ ဘာမှရိုက်ထားတာတော့ မတွေ့ ..။

“ သူ့အ၀တ်တွေ ရော ..ဘာလို့ချွတ်ထားတာလဲ ..”

“ အန်လို့ ရှင့်..အန်လို့ ..အန်ဖတ်တွေ ပေနေလို့ ချွတ်လိုက်တာ ..ရေချိုးခန်းထဲမှာ အ၀တ်တွေ ပုံထားတယ်..”

လမင်းသီတာ က ဈန်ရ မေးတာတွေ များလို့ မကျေမနပ် ဖြစ်လာပုံရ သည် ..။ ဒီအကို မူးနေလို့ ခေါ်လာပြီး အိပ်ခိုင်းထားတာ လို့ ပြော သည် ..။ “နင် နဲ့ လုပ်ကြသေးလား ..”လို့ သူမေးတော့..လမင်းသီတာက“ အကို့သူငယ်ချင်း က ခေါင်းတောင် မထောင်နိုင်တာ ဘယ်လို လုပ်နိုင်မလဲ..”လို့ ပြန်ဖြေ သည် ..။ဈန်ရ စိတ်ပူလို့ မေးတာပါ ..။ မူးမူး နဲ့ အကာအကွယ် အဖေါ်မပါဘဲ လုပ်ရင်..သီဟ အေကိုက်နေမှာ စိုးလို့ ..။

စနေနေ့ မနက် ..။ဈန်ရမောင် သူ့ကရာတေးကလပ် မှာ သင်တန်းသားတွေကို သူကိုယ်တိုင် ကြပ်မတ် သင်ကြားပေးနေ သည် ..။ဈန်ရ မှာ လက်ထောက် မျိုးမောင်မောင် နဲ့ ခင်ချိုအုန်း ရှိသည် ..။ သီဟ က အမြဲ သူ့ကို ခေါ်နေတတ်..တခုခု အကူအညီ အမြဲတောင်းနေတာကြောင့် သူ့ကလပ်မှာ သူ အမြဲ မသင်နိုင် ..။ ခါးစည်းနက် များ ဖြစ်ကြသော မျိုးမောင်မောင် နဲ့ ခင်ချိုအုန်း တို့ကိုဘဲ သူ့ကိုယ်စား  တာဝန်ယူခိုင်းရ သည် ..။ဒီနေ့မနက်တော့ သူ ကိုယ်တိုင် သင်ပေးနေ သည် ..။ သင်တန်းသားများ..သူ့ခါးပတ် အရောင် အုပ်စု နဲ့ သူဖေါင်များ “က ”နေကြ သည် ..။

“ ဆရာဈန်..ဖုန်းလာတယ်..”

ခင်ချိုအုန်း ဖုန်း လာပေးသည် ..။ ဘယ်သူရှိမလဲ..။ သီဟ ..။ သူနဲ့ ပဲခူးလိုက်ဖို့ ပြောထားတာ သတိရသွား သည် ..။ သီဟ က သူလာခေါ်မည် ..ကလပ်ဖွင့်ထားတဲ့ မျိုးမောင်မောင်တို့ခြံ မှာဘဲ လာခေါ်မည် လို့  ပြော သည်..။ရေအမြန်ချိုး..အ၀တ်လဲပြီး ထွက်လာတော့ သီဟကားလဲ ရောက်လာ သည် ..။ သီဟ က ဈန်ရ ကို ကားမောင်းခိုင်း သည် ..။မျိုးမောင်မောင် နဲ့ ခင်ချိုအုန်း က လက်ပြ နုတ်ဆက် နေ သည် ..။“ဈန်ရ ..မင်း လက်ထောက် ဆော်လေး က မဆိုးဘူးကွ..ကျန်းမာရေး ကောင်းသား..ခါးပတ်အနက် နဲ့ ..ဟီးတကယ်ရော တတ်လို့လား …”“ ခင်ချိုအုန်း လား ..အင်း..မဆိုးပါဘူး ..သီဟ ..ဘာလဲ..ခင်ချိုအုန်း ကို ကြိုက်လို့လား ..ခါးစည်းအနက်က တကယ် မတတ် ဘဲ မပေးဘူး..သီဟ ..ဒို့လောက မှာက လာစိန်ခေါ်ရင် မဖိုက်ရင် သိက္ခာကျတယ် ..မင်းလဲသိသား နဲ့..ငါ အမြဲ ချိန်းပွဲတွေ ဖိုက်ခဲ့တာ ..”သီဟ သည် ဘယ်အရာကိုမှ စွဲစွဲမြဲမြဲ မလုပ်ခဲ့ ..။ ကရာတေးလဲ သင်ခဲ့ပေမဲ့ ခါးစည်း အစိမ်းလောက် ရောက်တာနဲ့ ဆက် မသင်တော့ ..။

“ဈန်ရ ..ဒီနေ့ မီးငယ် မွေးနေ့..ညဘက် ခြံထဲမှာ ဘတ်ဒေးပါတီ လုပ်မယ်..မင်း သိတယ်မှုတ်လား ..”

“အင်း..မီးငယ် ပြောတယ် ..”

“ မီးငယ် က မင်း နဲ့ ငါ ဆက်ဆက် လာပါ ပြောနေတယ် ..ဒို့ ပဲခူးမှာ အလုပ် မြန်မြန် လုပ်ပြီး အချိန်မှီ ပြန်ကြတာပေါ့  ..အာ..ငါ လက်ဆောင် လဲ မ၀ယ်ရသေးဘူး ..အင်း..မီးငယ် ဘာကြိုက် မလဲ….စဉ်းစားပါအုံးကွာ”

ဈန်ရ လဲ မီးငယ်အတွက် မွေးနေ့လက်ဆောင် အခုထိ မ၀ယ်ရသေး ..။ ပဲခူး မှာ ဆိုင်ဖွင့်ဖို့ ကိစ္စ သူတို့နဲ့ စပ်တူလုပ်မဲ့ ဦးကောင်းဘော် ဆိုတဲ့ စီးပွားရေးသမားကြီး တယောက် နဲ့ စကားပြောတိုင်ပင်ပြီး ဖွင့်မဲ့ဆိုင်နေရာ သွားကြည့်ကြ သည်  ..။ ဦးကောင်းဘော် က သူ့အိမ်ကို ဖိတ်ခေါ်ပြီး နေ့လည်စာ ကျွေး သည် ..။ ဦးထွန်းချုပ်ရဲ့ အရှိန်အ၀ါ ဂုဏ်သတင်းကြောင့် သီဟ ကို အလွန်အမင်း အထင်ကြီးကြတာကို ဈန်ရ တွေ့ရပြန် သည် ..။ဈန်ရမောင် အတွက် က သိပ်တော့ မဆန်းတော့ ..။

သီဟ နဲ့ လျောက်လိုက်..သီဟ တို့ အိမ်က အလုပ်တွေကိုကူညီလုပ်ကိုင်ပေးခဲ့တာကြောင့် လူတွေ ဦးထွန်းချုပ် နံမည် ကို ကြားရင် ပြာပြာသလဲ ဖြစ်တာတွေ ..အံ့သြတာတွေ တွေ့ဘူးခဲ့ ပြီးသား ..။ ဦးထွန်းချုပ်ကို မြန်မာပြည် ရဲ့ ဘီလျံနာကြီး အဖြစ် လူတော်တော်များများ
က သိထားကြ သည် ..။  ယခုလဲ ပဲခူးမှ ဦးကောင်းဘော် က သီဟ ကို ဘီလျံနာ ရဲ့ သား မို့ အရမ်း ဧည့်ခံနေ သည် ..။ ဦးကောင်းဘော် ရဲ့ ဇနီး နဲ့ သမီးများ ကလဲ သီဟထွန်းချုပ် ကို ရွှေမင်းသားလေး လို ပြုစု ကျွေးမွေးနေ သည် ..။ သမီး အကြီးဆုံး ရိုစီကောင်းဘော် ကို ပွဲထုတ်ကြဟန်တူ သည် ..။ ရိုစီကောင်းဘော် ကအသဲဆုံး ..။

သူတို့ ဦးကောင်းဘော် အိမ် မှာ ရှိနေစဉ် ဦးကောင်းဘော် ရဲ့ တပည့်တပန်းတွေ တောက ရောက်လာပြီး လာကန်တော့ကြတာ နဲ့ ကြုံပြီး သူတို့ ယူလာတဲ့ တောထွက် ပစ္စည်းတွေ ထဲ သမင်ပေါက်စလေးတကောင် ပါ ပါရှိ ရာ ဦးကောင်းဘော် က သီဟ စိတ်ဝင်စားနေတာ တွေ့လို့ သီဟ ကို လက်ဆောင် အဖြစ် ပေးလေ သည် ..။ သီဟ လဲ အမရာ အတွက် မွေးနေ့လက်ဆောင် လိုနေတာ နဲ့ ၀မ်းသာအားရ လက်ခံလေ သည်  ..။ သမင်ပေါက်စလေး ကို အမရ ရဲ့ မွေးနေ့ လက်ဆောင် လုပ်လိုက်မည် လို့ ဈန်ရ ကို ပြော သည်။

Leave a Reply

Your email address will not be published. Required fields are marked *