ငါ့ဘေးမှာ မင်းရှိရင် အပိုင်း (၄)

ရိုစီကောင်းဘော် က ထမင်းစားကြအပြီး..သူ့အဖေပိုင်သော စူပါမားကက်ကြီး အသစ်ဖွင့်လို့ သီဟ ကို ပြချင်ကြောင်း  ..လိုက်ကြည့်ပြီး လိုအပ်တာများ အကြံပေးပါအုံး လို့ ပြောတော့ သီဟ လဲ ရိုစီကောင်းဘော် သည် အဆက်အပေါက်ကောင်းသော ဆော်လေးမို့ စိတ်ဝင်စားနေပြီး ရိုစီကောင်းဘော် နဲ့ လိုက်ကြည့်မည် လို့ဆုံးဖြတ်လိုက်ပြီး ..ရိုစီကောင်းဘော် ..သီဟ ..ဈန်ရ တို့ မြို့လည် က စူပါမားကက်ကြီး ဆီကို ရိုစီကောင်းဘော်တို့ ကားဖြင့် ထွက်ခဲ့ကြလေ သည် ..။

စူပါမားကက်ကြီး သည် ဖွင့်ဖွင့်ချင်းအချိန်မို့ လူတွေ ကျိတ်ကျိတ်တိုး စည်ကားနေ သည် ..။ရိုစီကောင်းဘော် က သီဟနဲ့ ဆိုင်ကြီးထဲ လျောက်ကြည့်နေစဉ် ဈန်ရ သည် အမရာ့အတွက် မွေးနေ့လက်ဆောင်  ..ဘာပေးရမလဲ အပြေးအလွှား ရှာဖွေလျက် ရှိ သည်။ဒီအချိန်မှာ ရိုစီကောင်းဘော် သည် စူပါမားကက် ကို လိုက်ပြတာထက် သီဟ ကို ဇာတ်လမ်း လုပ်ချင်လို့ ဆိုတာ ဈန်ရ သိနေ သည် ..။သီဟကို..“ ကိုသီဟ က မိန်းမချောလေးတွေ ၀ိုင်းဝိုင်းလည်နေတော့..ဒီက  ပြန်သွားတာနဲ့ ရိုစီ့ကို မေ့သွားမှာပါ ..“ လို့ ညုတုတုလေး ပြောလိုက်..“ ရိုစီ ရန်ကုန် လာလည်ရင် ပုန်းနေမှာလား ..” လို့ မေးလိုက် နဲ့..သီဟ ကို ရေလာမြောင်းပေး လုပ်နေ သည် ..။ဈန်ရ လဲ အနက်ရောင် အသဲပုံလော့ကက် နဲ့ ဆွဲကြိုးလေး နဲ့ မွေးနေ့ကပ်ပြားလေးတခု အမြန်ဝယ်လိုက်ပြီး ဘောင်းဘီအိတ်ထဲ ထည့်ထားလိုက် သည်။

သီဟ ကလဲ ရိုစီကောင်းဘော် ကို သဘောကျနေတော့..နောက်ထပ် တွေ့ဆုံကြဖို့ ချိန်းလေ သည် ..။ ရိုစီကောင်းဘော် က လဲ ရေငတ်တုံး ရေတွင်းထဲ ကျ ဆိုသလို သီဟ ကို သဘောကျနေသူမို့ ၀မ်းသာအားရဘဲ သီဟ နဲ့ ထပ်တွေ့ဖို့ လက်ခံလေ သည်။ဈန်ရ လဲ  ရိုစီကောင်းဘော် နဲ့ ပျော်ပြီး စိန်စိန်သဲစိမ့် နဲ့ ပတ်သက်ပြီး ဖြစ်နေသေးတဲ့ သီဟ ရဲ့ စိတ်ခံစားမှုတွေ ပြေပျောက် ပါစေ လို့ စိတ်ထဲ ဆုတောင်းနေ သည် ..။ သူ သည် သီဟရဲ့ ရောင်းရင်း အချစ်ဆုံး သူငယ်ချင်း အနေနဲ့ သီဟ အတွက် အမြဲ စိတ်ပူပန်စွာနဲ့ လိုက်ရှာဖွေ ပေး နေရလို့ ..။

ဈန်ရ က သီဟ ကို အမရာ ရဲ့ မွေးနေ့ အတွက် သူတို့ ပြန်ကြရင် ကောင်းမယ် လို့ သတိပေးလိုက် သည် ..။အမှန်ပ သီဟ ဆော် မွှန်နေသည် ..။ မပြန်ချင်သေး ..။ ဈန်ရ သတိပေးတော့လဲ သူ့ညီမလေး သေသေချာချာပြန်လာဖို့ ပြောထားတာမို့ ..ပြန်ဖို့ ပြင်လေ သည် ..။ ရလာသောသမင်ပေါက်စလေး ရဲ့ လည်ပင်း မှာ ဖဲကြိုးအဖြူေ၇ာင်လေး ချီပြီး အမရာ့ကို ပေးဖို့ ပြင်ဆင်ထားလေ သည် ..။ ဈန်ရ လဲ နေ၀င်ခါနီးပြီမို့ ကားကို ခပ်မြန်မြန် မောင်းကာ ရန်ကုန် ကို ပြန်ခဲ့ သည်။

ဦးထွန်းချုပ် ရဲ့ နေအိမ်ခြံဝင်းကြီး ထဲ မီးရောင်စုံတွေ တလက်လက် ထွန်းထား သည်..။ ခြံဝင်းထဲ က မြက်ခင်းပြင်စိမ်းစိမ်း ပေါ်မှာ စားပွဲဝိုင်းများ ချထား ပြီး ရေကူးကန်ကြီး ဘေးကပ်ရက်မှာ အနိမ့်စား စင်ကလေး ထိုးပြီး ယနေ့နံမည်ကြီးနေသော အမရာ ကြိုက်တဲ့ ခေတ်ပေါ် တီးဝိုင်း တခု ဖျော်ဖြေ ဖို့ ပြင်ဆင်ထား သည် ..။ အစားအသောက်ကို လဲ နံမည်ကြီး စားသောက်ဆိုင်ကြီး တခုကနေ လာရောက် ပြင်ဆင် ကျွေးမွေး မှာ ဖြစ် သည် ..။ အမရာထွန်းချုပ် ရဲ့ ၁၈နှစ်မွေးနေ့တုံးက အမရာ နိုင်ငံခြား ရောက်နေလို့ မကျင်းပဖြစ်လိုက်တာကြောင့် ဦး
ထွန်းချုပ် က သမီးလေး ၁၉နှစ်မြောက် မွေးနေ့ကို အထူး ပြုလုပ်ပေးတာ ဖြစ် သည် ..။

ဦးထွန်းချုပ် ရဲ့ စီးပွားရေး လုပ်ငန်းတွေ နဲ့ ပတ်သက်တဲ့ လူတွေကို မဖိတ်ဘဲ အမရာ ရဲ့ သူငယ်ချင်းတွေကိုအဓိကထားပြီး မွေးနေ့ပွဲ ကို ဖိတ်ကြားစေတာ ဖြစ် သည် ..။ ဆွေမျိုးများ ကိုတော့ ဖိတ် သည် ..။ အမရာ ရဲ့ဦးလေး..အဒေါ်များ ကိုလဲ ဖိတ် သည်။တူမလေး ရဲ့ မွေးနေ့ကို ဒေါ်ရွှေရည်ချုပ် လာ သည် ..။ အကိုကြီး ဦးထွန်းချုပ် ဇနီး ဒေါ်မဒီချုပ် ..သူ့သမီး အရွယ်တခြား အကို ၀မ်းကွဲများ နဲ့ ခြံထဲက စားပွဲတလုံးမှာ စကားထိုင်ပြောနေသော ဒေါ်ရွှေရည်ချုပ် တစုံတရာကို ရှာဖွေနေ သည် ..။ မသိမသာ ခြံဝင်းတခုလုံး ကို မျက်လုံးဝေ့ကာ ကြည့်နေ သည် ..။

တဖြည်းဖြည်း နဲ့ အမရာ့ သူငယ်ချင်းတွေ တဖွဲဖွဲ ရောက်လာ သည် ..။ တီးဝိုင်းအဖွဲ့တွေ လဲ ရောက်လာ သည်။အစားအစာ တည်ခင်းဧည့်ခံမည့် ၀န်ထမ်းတွေ လဲ ရောက်လာ သည် ..။ ခြံကြီးတခုလုံး မီးတွေလင်းထိန်..လူတွေအပြည့် နဲ့ ဆူညံလာပြီ ..။ ဦးထွန်းချုပ် သည် သမီးလေး ရဲ့ မွေးနေ့ပွဲ ကို ကြည့်ပြီး ပီတိဖြစ်နေ သည် ..။ သူ့ငယ်သူငယ်ချင်း တချို့လဲ မဖိတ်ဘဲ ရောက်လာကြတာကြောင့် ဦးထွန်းချုပ် လဲ စားပွဲဝိုင်းတခုမှာ သူငယ်ချင်းတွေနဲ့ သူ့ညီအကို ၀မ်းကွဲများ နဲ့ တန်ဖိုးကြီး စကော့ခ်ျ ၀စ်စကီ ဂျော်နီဝေါ်ကား ဘလူးလေဘာ ပုလင်း ဖေါက်ခါတဟားဟား ပွဲကျနေ သည် ..။ ဒေါ်မဒီချုပ် က ဒေါ်ရွှေရည်ချုပ်ကို အီတလီ သံအရာရှိ တယောက် ယူလာပေးသော တန်ဖိုးကြီး ၀ိုင်ပုလင်းဖေါက် ကိုဖေါက် သောက်ဖို့ အဖေါ်လာစပ် သည် ..။ ဒေါ်ရွှေရည်ချုပ် သည်ဝိုင်ကို စိတ်မ၀င်စား ..။ မကောင်းတတ်လို့ ဒေါ်မဒီချုပ် နဲ့ အတူတူ ၀ိုင်သောက်နေ သည် ..။ဒ်ါရွှေရည်ချုပ် ရှာနေတာ က ဈန်ရမောင် ..။

သူ့ကို တွေ့ချင်နေ သည် ..။ သူ့ကို မတွေ့သေး ..။ သူရော သီဟရော မွေးနေ့ပွဲ မစခင်ကထဲ ကမရှိ ..။ ထမင်းချက် ဒေါ်မိ ကို တွေ့လိုက်လို့ ဒေါ်ရွှေရည်ချုပ် မအောင့်နိုင်ဘဲ မေးလိုက် သည် ..။ သီဟ နဲ့  ဘယ်မှာလဲ လို့ ..။ ဒေါ်မိ က မနက်ထဲက မရှိတာလို့ဘဲ မရေမရာ ဖြေ သည် ..။အမရာထွန်းချုပ် အဖြူရောင်ဝတ်စုံလေး နဲ့ သိပ်လှနေ သည် ..။သူငယ်ချင်းအုပ်စုတွေ ရောက်လာလို့ အမရာထွန်းချုပ် ပြေးထွက်ပြီး ဆီးကြို သည် ..။ ဟင် ..။ဗိုလ်မင်း၈ါ ဆိုတဲ့ကောင် ..သူငယ်ချင်းတွေ နဲ့ ပါလာ သည် ..။ သူ့ကိုလဲ မဖိတ်ဘဲ နဲ့ ..။ ဒေါ်လီဇွဲမောင် နဲ့
ကပ်ပြီး လိုက်လာတာ ဖြစ်မည် ..။ ကြည့် ..တီးဝိုင်း က အသံတောင် စပေးနေပြီ ..။ သူ…သူ..ဈန်ရမောင် ကို မတွေ့  ..။ သေသေချာချာ မှာထားရက် နဲ့ ..။ သူလေ ..မီးငယ် ကို ဂရုမစိုက်ပါဘူး..။

ကိုကြီး ကိုဘဲ တပည့်ခံနေ သည် ..။ နောက်တခါကျရင် သူ့ကို ဘာလို့ ကိုကြီးနဲ့ ဒီလောက် တပူးတွဲတွဲ လုပ်နေတာလဲ..ဂေးတွေလားဆိုပြီး ရန်တွေ့ပစ်အုံးမယ် …။လက်ဆောင် ယူမလာပါနဲ့ ပြောပေမဲ့လဲ လာသူတိုင်းက လက်ဆောင်ထုပ်တွေ နဲ့ ..။ အမရာ့ ကို ဗိုလ်မင်းဂါ က လက်ဆောင်ထုပ်ကြီး ပေး သည် ..။ လူတွေရှေ့ မရိုင်းချင်လို့ အမရာ မငြင်းလိုက် ..။ တကယ်တမ်း..အမရာ စောင့်မျှော်မိတာက ဈန်ရမောင် ပေးတဲ့ လက်ဆောင် ..။

“ဟယ် ..ဟိုမှာ ကိုသီဟ နဲ့ ကိုဈန်ရ …”

မြသက်ထား အသံကြောင့် သူငယ်ချင်းတွေ နဲ့ သီချင်းတက်ဆိုဖို့ ပြောဆိုနေသော အမရာထွန်းချုပ် လှည့်ကြည့်မိ သည် ..။ ဟယ်..ဟုတ် သည် ..။ ခြံ ထဲကို လင်းကရုဆာကားကြီး ၀င်လာနေ သည် ..။ ဈန်ရမောင် က မောင်းလာတာ ..။ ကိုကြီး က ကားပေါ်က သမင်ကလေးတကောင် ကို ပွေ့ပြီး ဆင်းလာ သည် ..။“မီးငယ် …ဘယ်မှာလဲ …” လို့ အော် သည် ..။အမရာ ပြေးသွား သည် ..။

“ သမင်လေး…ချစ်စရာလေး …”

“ မီးငယ် အတွက်ကိုကြီး ရဲ့ ဘတ်ဒေး ပရဲဆင့် …”

“ သိုင်းကျူး ..ကိုကြီး …”

ကိုကြီးဘေးမှာ ဈန်ရမောင် ..။ အမရာ့ကို ပြုံးပြီး ကြည့်နေ သည် ..။ အမရာ က ..“ အမလေး ..ကိုကြီး နဲ့ ကိုဈန်ရ  ပေါ်မှလာပါ့မလားလို့..မီးငယ်က စိတ်ကောက်တော့မလို့ ..” လို့ နှုတ်ခမ်းလေး စူထော်ကာ ချစ်စရာမျက်စောင်းလေးထိုးကာ ပြောလိုက် သည် ..။ သီဟထွန်းချုပ် က ဦးထွန်းချုပ်တို့ စားပွဲဝိုင်း မှာ ပဲခူး က အလုပ်အကြောင်း ပြောပြနေတုံး ဈန်ရ သည် အမရာ့လက်ထဲကို သူ့လက်ဆောင်ထုပ်လေး ထည့်ပေးလိုက် သည်။

“မီးငယ် အတွက် …”

“ဟယ် ..ကိုဈန်ရ က မီးငယ်ကို သတိရသားဘဲ ..”

အမ၇ာ့ မျက်နှာလေး ၀င်းလက်တောက်ပ သွားသည် ..။လက်ဆောင်ထုပ်လေး ကို ၀မ်းသာအားရ လှမ်းယူ သော အမရာထွန်းချုပ် ကို ဈန်ရ က..“ သတိရပါတယ် မီးငယ်ဒို့ အခု ဘာတွေ လုပ်ပေးရမလဲဟင်..လုပ်ချင်တာတွေ ပြောနော် ..” လို့ ပြော သည် ..။ အမရာ့ သူငယ်ချင်းတွေက ၀ိုင်းကြည့်နေ သည် ..။ ဗိုလ်မင်းဂါ သည် ဈန်ရမောင် ရောက်လာတာ ကို မကျေနပ် ဖြစ်နေပုံရ သည် ..။မျကနှာ ပုတ်နေ သည် ..။ မြသက်ထား က ဖိတ်လဲ မဖိတ်ဘဲ နဲ့ သူများမွေးနေ့ပွဲလာပြီး မျက်နှာပုတ်ပုတ်ကြီး လုပ်နေတာတော့ မကောင်းဘူး  ..လို့ မကြားတကြား ပြောလိုက် သည် ..။ အမရာ သည် ဈန်ရ ပေးသော လက်ဆောင်ထုပ်လေး ကို ဘာလဲ ဆိုတာ သိပ် သိချင်နေ သည် ..။ လူတွေရှေ့မှာ မဖေါက်လိုတာကြောင့် အိမ်ထဲက ၀င်သွားပြီး ရေချိုးခန်းတခု ထဲ ၀င်လိုက် သည်။

ကိုဈန်ရ ဘာပေးသလဲ သိချင် သည် ..။ အထုပ်လေးကို ဖွင့်ဖေါက်လိုက် သည် ..။ အသဲပုံလော့ကက်လေး နဲ့ ဆွဲကြိုး အနက်လေး …။ အသဲပုံလေး ပေးတယ် ဆိုတော့ ဈန်ရ သူ့ကို ချစ်တယ် ဆိုတဲ့ သဘောများလား ..။ အမရာ့ ရင်ထဲ နွေးကနဲ ဖြစ်သွား သည်။အမရာ ကိုယ်လိုရာ ဆွဲတွေးလိုက်ပြီး ပျော်သွား သည် ..။ ချက်ချင်းဘဲ သူဆွဲထားတဲ့ သူ့အမေ ရဲ့ အမွေ စိန်ဆွဲကြိုးကို ချွတ်ပစ်လိုက်ပြီး ဈန်ရ ပေးတဲ့ အသဲပုံလော့ကက်လေး နဲ့ ဆွဲကြိုး ကို ဆွဲလိုက် သည် ..။   ခြံထဲကို ပြန်ထွက်လာတော့ တခြားလူတွေ က သိကြ ပုံမပေါ်..။ သူ့ဘော်ဒါ အရင်းအခြာ မြသက်ထား က သတိပြုမိ သည် ..။

“ အမရာ ..ဆွဲကြိုး ပြောင်းသွားပါလား ..ဒါ က ဘယ်သူပေးတာလဲ..ကိုဈန်ရ လား..”

လို့ နားနားကပ်ပြီး တိုးတိုးလေး လာမေး သည် ..။ အမရာ က ပြုံးပြီး ..ခေါင်းညှိမ့်ပြ သည် ..။သီဟ က ဒေါ်ရွှေရည်ချုပ် နဲ့ စကားပြောနေရာ က ဈန်ရမောင် ကို လှမ်းခေါ် သည် ..။ ဈန်ရ ရောက် သွားတော့..အန်တီလေး အိမ် အနောက်ဘက် ခြံဝင်းမှာ ညက လူကပ်လို့ ..အန်တီလေး ကြောက်နေတယ် ..ဒို့သွားအိပ်ပေးရမယ် ..လို့ ပြော သည် ..။ ဒေါ်ရွှေရည်ချုပ် က “ အန်တီလေး ရဲ့ ခြံစောင့် ဦးပွား ကလဲ တော ခဏ ပြန်နေတုံး ..ယောင်္ကျားသား  အိမ်မှာ မရှိဘူး ..သူ့တူ ဆိုတာကို သူ့နေရာ ခိုင်းပါ ဆိုပြီး ထားခဲ့ပေမဲ့ ဒီလူကို အန်တီလေး က စိတ်မချဘူးကွာ ..လူစိမ်း…တယောက် မဟုတ်လား…” လို့ ၀င်ပြော သည် ။ ဒေါ်ရွှေရည်ချုပ် အိမ်က သူမ အကို ဦးထွန်းချုပ် အိမ်လောက် မကြီး ..။

အလုပ်သမား လဲ ဦးထွန်းချုပ်အိမ်လောက် မများ ..။ ထမင်းချက် တယောက် အိမ်ဖေါ်တယောက် သာ ရှိ သည် ..။ ခြံစောင့်ဦးပွား မရှိတုံး..
မိန်းမသားတွေ ချည်းဘဲဆိုတော့ ကြောက်မယ်ဆိုလဲ ကြောက်စရာဘဲ..လို့ ဈန်ရ ထင် သည် ..။ ကူညီတတ်တဲ့သူ့အကျင့် အတိုင်း..သူ လာစောင့်ပေးမည် လို့ ချက်ချင်းဘဲ ပြောလိုက် သည် ..။ သီဟ နဲ့ ဒေါ်ရွှေရည်ချုပ်အိမ် မှာ သူ ညအိပ်ဘူး သည် ..။  ဒေါ်ရွှေရည်ချုပ် အလွန် ၀မ်းသာသွား သည် ..။ ဈန်ရ သူမ အိမ်ကို လာစောင့်ပေးမည် ဆိုတော့ သူ့ကို နီးနီးကပ်ကပ် တွေ့ရပြီပေါ့ ..။

“ မီးငယ် ပြောပြလို့ ဈန်ရ ကိုယ်ခံပညာအစွမ်း ကို အန်တီလေး ကြားဘူးထားတယ် ..ဟင်း ..အန်တီလေး က ခါးပတ်အနက် ဘော်ဒီဂတ် နဲ့ပေါ့ …တယ်ဟုတ်ပါလား ….”

ဒေါ်ရွှေရည်ချုပ် ရယ်လိုက်ပုံက ဆယ်ကျော်သက် ကောင်မလေးတယောက် လိုဘဲ..။ဈန်ရ သည် ဖြူနုနေသော ဒေါ်ရွှေရည်ချုပ် ကို ငေးကြည့်မိနေရာက ဒေါ်ရွှေရည်ချုပ် က သူ့ကို ကြည့်လိုက်လို့မျက်လုံး ကမန်းကတမ်းလွှဲဖယ်လိုက် ရ သည် ..။ဒေါ်ရွှေရည်ချုပ် ငယ်စဉ်က ဆိုရင် ဘယ်လောက် ကြိုက်တဲ့လူတွေ ၀ိုင်းဝိုင်းလည်လိုက်မလဲ ဈန်ရ တွေးမိခဲ့တာဟိုးတုံးကထဲက ပါ ..။သီဟ က ခြံထဲ ကနေ ဈန်ရ ကို အိမ်ထဲ ခဏ ခေါ်သွားပြီး ..“ ဈန်ရ…ဒီညကစပြီး သွားစောင့်ပေးပါကွာ..အန်တီလေး တကယ် ကြောက်နေတာ ..” လို့ ပြော သည် ..။

“ မင်း ရော လိုက်မှာ မဟုတ်လား..သီဟ..” လို့ ဈန်ရ က မေးတော့..“ နောက်နေ့တွေ ငါပါ လာအိပ် မှာပါ..မနက်ဖန် မနက်စောစော
ရိုစီကောင်းဘော် ပဲခူးက လာမှာ..အိုရီယင်တယ်ဟောက်စ် မှာ စောစော ဒင်ဆမ်း သွားစားဖို့ ဒို့ ချိန်းထားလို့ ..”လို့ တိုးတိုးကပ် ပြော သည် ..။ သီဟ သည် အမြဲ ဒီလိုဘဲမို့ ဈန်ရ အတွက်ကတော့ မဆန်း ..။ ဒီကောင်အရက်တွေ ဖင်ထောင်အောင် သောက်နေပြီး မူးလဲနေမှာထက် စာရင် ပဲခူး က ရိုစီကောင်းဘော် နဲ့ တွဲနေတာကပိုကောင်းမည် လို့ ဈန်ရ ထင် သည် ..။

ဈန်ရ ခြံထဲ ပြန်ရောက်တော့ ..အမရာထွန်းချုပ် သည် သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ စကားပြောနေ သည် ..။ ဈန်ရ သူမ ကို သေသေချာချာ ကြည့်လိုက်မိတော့ သူ့ရင်တွေ တအား လှုပ်ရှားသွားရ သည် ..။ဟာ..သူအခုနကဘဲ ပေးလိုက်တဲ့ အသဲပုံ လော့ကက် နဲ့ ဆွဲကြိုးလေး သည် အမရာထွန်းချုပ် ရဲ့ လည်တိုင်မှာ ဆွဲထားတာ တွေ့လိုက်လို့ပါဘဲ ..။ သူပေးတာကို ချက်ချင်း လည် မှာ ဆွဲလိုက်တာ အမရာ သည် သူ ပေးတာကို သဘောကျ တန်ဖိုး ထားတဲ့ သဘောမို့ ပျော်သွား သည် ..။ ဈန်ရ ကြည့်နေခိုက် အမရာ သူ့ဖက်ကိုလှမ်းကြည့် သည် ..။ အမရာ့ အကြည့်တွေ က အဓိပ္ပါယ် ပါ သည် ..။ အမရာ့အကြည့်စူးစူးတွေကြောင့် သူ့ရင်ထဲ လှုပ်ရှားသွားရ သည်။

အိုး ..။ အမရာ သူ့ကို လက်ပြပြီး ခေါ်နေသည် ..။မီးငယ် ဘာများ လိုပါလိမ့် ..။ဈန်ရ ပြာပြာသလဲ ပြေးသွား သည် ..။ အမရာ က ဈန်ရ ကို သူ့သူငယ်ချင်းတွေ နဲ့ မိတ်ဆက်ပေး သည် ..။ ဒေါ်လီဇွဲမောင် က ဈန်ရ လက်ကို တအားဆုတ်ကိုင် နုတ်ဆက်ရာ က တော်တော် နဲ့ ပြန်မလွှတ်..။ “ ဒေါ်လီ့ကို မှတ်မိလား  ..မုန့်ဟင်းခါးဆိုင် မှာ ဆုံတယ်လေ ..ကိုဈန်ရ ကရာတေးကလပ် မှာ ဒေါ်လီ လာသင်လို့ရမလား ..” နဲ့ စကားတွေ အဆက်မပြတ် ပြောလေ သည် ..။ဗိုလ်မင်းဂါ ကတော့ မျက်နှာ ပုတ်ပြီး ကျောခိုင်းထား သည် ။

အမရာ က ..“ ကိုဈန်ရ အချိန်မှီ ပြန်လာလို့ မီးငယ် ကျေနပ်တယ် ..လက်ဆောင်လဲ ကြိုက်တယ် ..” လို့ပြောလေသည် ..။ ထိုအခိုက် သီဟထွန်းချုပ် က စင်ပေါ်တက်လာလို့ အားလုံး သူ့ဆီကို အာရုံစိုက်သွားကြ သည် ..။သီဟ က နဲနဲ သောက်ထားပြီး ဟန်တူ သည် ..။ အာသွက်လျာသွက် ဖြစ်နေ သည် ..။အချစ်ဆုံး ညီမလေး အတွက် ဆိုပြီး သီချင်းတပုဒ် ဆို သည် ..။ သီချင်းဟောင်းတပုဒ် ဖြစ်တဲ့ ..“ဒေါက်ဒေါက် ဘယ်သူလဲ ..” ကို ဆို သည် ..။ သီချင်းဆုံးသွားတော့ ဦးထွန်းချုပ် က သဘောကျလွန်းပြီး လက်ခုပ် ထတီး လေရာ ပရိသတ်အားလုံး လဲ လက်ခုပ်တီး ကာ အားပေးကြလေ သည် ..။

အမရာ့ကိုလဲ လူတွေ က ဆိုဖို့ စင်ပေါ်တွန်းတင်ကြ သည် ..။ အမရာ လဲ အဆိုတော ဟေမာနေ၀င်းသီဆိုခဲ့တဲ့ တေးသီချင်းအဟောင်း “ ယုံလား ” ကို ဆိုလေတော့ ..“ ကိုကို ရေ သိပ်ချစ်တယ်..အစွဲကြီး စွဲမိပြီ ရှင်  ..လို့ သီဆိုခိုက် ..သူ ရှိနေတဲ့ ဘက်ကို ရွှမ်းရွှမ်းစားစား ကြည့်လိုက်တဲ့ မျက်လုံးများကြောင့် ဈန်ရ ကြက်သီးများ ထ သွားရ သည် ..။အမရာ သူ့ကို စိတ်ဝင်စားမှန်း ဈန်ရ သတိထား သဘောပေါက်ခဲ့တာ ကြာပါပြီ ..။ သူတို့က သိပ် ချမ်းသာလွန်းတာကြောင့် သူနဲ့ မဖြစ်နိုင်ဘူး သူထင်နေလို့ ရှောင်နေခဲ့တာပါ ..။ သီဟ ကလဲ သူ့ကို တအားခင်တွယ် ချစ်ပေမဲ့ တကယ်တမ်း သူ့ညီမလေး နဲ့ကျရင်တော့ သဘောတူချင်မှ တူမည် လို့ ထင် နေ သည်။

ပါတီပွဲ မသိမ်းခင် ဒေါ်ရွှေရည်ချုပ် က သီဟ ကို သူမကို ပြန်ပို့ပေးနိုင်မလား ..လို့မေး သည် ..။ သီဟ လဲ ဈန်ရ ဒေါ်ရွှေရည်ချုပ် အိမ်မှာ လိုက်စောင့်အိပ်ပေးရမည့်တူတူ ဈန်ရ ဘဲ ကားမောင်းပြီး လိုက်ပို့ပေးလိုက် စေချင် သည်  ..။ ထိုကြောင့် ဈန်ရ လဲ ဒေါ်ရွှေရည်ချုပ် နဲ့ ကားတစီး နဲ့ သူမအိမ် ကို ထွက်ခဲ့ကြလေ သည် ..။ ဒေါ်ရွှေရည်ချုပ် သည် ဈန်ရမောင် နဲ့ အတူတူ ပြန်ရတာကို..အလွန်သဘောကျ ကျေနပ်နေ သည် ..။ သူ တိတ်တခိုး သဘောကျနေတဲ့ ဈန်ရ သည် လေ့ကျင့်ခန်းတွေ တအား လုပ်ထားတာကြောင့် ကျစ်လစ်တောင့်တင်းယောင်္ကျား ပီသ လွန်းနေ သည်..။ သူ့ကို ခိုးခိုးပြီး သူမ ကြည့်မိတိုင်း ရင်ဖိုခဲ့ရတာ အခါခါ ပါဘဲ ..။ အခုလို ညဘက်ကြီး ဈန်ရ နဲ့ နှစ်ယောက်ထဲ ကားတစီး နဲ့ အိမ်ပြန်လာဖြစ်လိမ့်မယ် လို့ ဒေါ်ရွှေရည်ချုပ် မတွေးမိခဲ့ ။အပျိုဖျန်းမလေးတယောက်လိုဘဲ ရင်တွေ ဖို စိတ်တွေ လှုပ်ရှားနေမိ ရ သည် ..။

“ ဈန်ရ .. မင်းကိုလေ ..အန်တီလေး ကြည့်နေတာ ..သီဟ နဲ့ အန်တီလေးတို့ မိသားစု အတွက် ဆိုရင် တချက်မှ မငြင်းဘူး  ..အမြဲ ဘာဘဲ လိုလို..မျက်နှာ ပြုံးပြုံးလေး နဲ့ လုပ်ကိုင်ပေးတယ် ..မင်းဟာလေ ..တကယ့်ကို သိတ် သိတတ်ပြီး သဘောကောင်းတဲ့ သူဘဲ ..”

ဈန်ရ သည် သူ့ကို ချီးကျူးနေတာ ဖြစ်လို့  ကားကိုဘဲ မောင်းရင်း .“ရပါတယ်..အန်တီလေး ..ကျနော့်ကို ခိုင်းစရာ ရှိရင် ခိုင်းပါ..အချိန်မရွေးပေါ့ ..” လို့ ပြန်ပြောလေ သည် ..။

ဒေါ်ရွှေရည်ချုပ် သည် အသက်၄၀ တင်းတင်း ပြည့်ခဲ့ပြီ ..။ ကျန်းမာသန်စွမ်းပြီး အလုပ် ပင်ပင်ပန်းပန်း လုပ်ဖို့ မလိုသည့် ချမ်းသာသော သူဌေးမ တယောက်ဖြစ်တာကြောင့်သဘာဝတရားအရ ဖြစ်ပေါ်သော ဆန့်ကျင်ဘက် လိင်ကို တောင့်တစိတ်များ မကြာခဏ ဖြစ်ပေါ်မိလေရာ..သူမစိတ်မှာ တိတ်တခိုး သဘောကျနေသော ဈန်ရမောင်ကိုဘဲ သူမရဲ့ စိတ်ကူးယဉ် အိပ်မက်များထဲက လူစွမ်းကောင်း အဖြစ် တွေးဆကာ သူမဖါသာ အာသာဖြေမိခဲ့ရတာအကြိမ်ကြိမ်ပါဘဲ .. ဈန်ရမောင် သည် တရုတ်သိုင်းရုပ်ရှင်များထဲက လူစွမ်းကောင်းတယောက်လိုဘဲ ကိုယ်လုံး ကိုယ်ထည် က အချိုးကျပြီး ..ဈန်ရမောင် ကို တခါတခါ အ၀တ်များမပါရင် ဘယ်လိုများနေမလဲ ဒေါ်ရွှေရည်ချုပ် စိတ်ကူးကြည့်မိ..ပုံဖေါ်ကြည့်မိ ဘူး သည် ..။

သူမဖါသာ ပွတ်ပြီး တောင့်တမွတ်သိပ်လာတဲ့ ကာမ ဆန္ဒတွေကို ငြိမ်းသပ်ဖို့ ကြိုးစားသော အခါများမှာ..နုတ်မှ..“ဈန်ရ ရယ် …ချစ်တယ် ..ချစ်တယ်…”လို့ တမ်းတ ရေရွတ်မိရတာလဲ အကြိမ်ပေါင်း မရေတွက်နိုင်ခဲ့ဘူး ..။အခု ဒီ စိတ်ကူး အိပ်မက်တွေထဲက လူစွမ်းကောင်း သည် သူမ နဲ့ ကားတစီးထဲ အတူတူ စီးပြီး သူမရဲ့ နေအိမ်ဆီကို သွားနေ သည် ..။ စိတ်ထဲမှာ တဒိန်းဒိန်း နဲ့ ကျိတ်ပြီး ရင်တွေ ခုံနေ သည် ..။ “ အန်တီလေးကလေ ..ဈန်ရ ကို မိသားစု ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောချင်တယ်ကွယ် ..” လို့ ပြောမိရင်း ဈန်ရ ရဲ့လက်မောင်းကို သူမ လက်နဲ့ ကိုင်လိုက်မိ သည် ..။

ဒေါ်မဒီထွန်းချုပ် နဲ့ အတူတူ တခွက်ပြီး တခွက် သောက်ခဲ့တဲ့ဝိုင် အရှိန်ကြောင့်လဲ ဒေါ်ရွှေရည်ချုပ် နဂိုထက် ပိုရဲတင်းနေသလိုဘဲ ..။ဈန်ရမောင် ရဲ့ လက်မောင်းအိုးကြီး ကို ဖျစ်ညှစ်လိုက်မိ သည် ..။“အို..ဈန်ရ ရဲ့ လက်မောင်းတွေ က တောင့်လိုက်တာ ..” လို့လဲ နုတ်က ပြောမိလိုက် သည် ..။ဈန်ရမောင် သည် ဒေါ်ရွှေရည်ချုပ် ၇ဲ့ အကိုင်အတွယ် အဖျစ်အညှစ်တွေ ကြောင့် နဂိုထဲက အလွန်ဖြူဖွေးသန့်ရှင်းပြီး ချောမောလှပလွန်းတဲ့ မိန်းမချောတယောက် နဲ့ ညဘက်ကြီး အတူတူ ကားထဲ ရှိနေလို့ စိတ်တွေ လှုပ်ရှား နေရတဲ့ အထဲ ကိုယ့်ကို ကိုင်တွယ်နေတာကြောင့် သဘာဝစိတ်တွေ နိုးကြွလာရလေ သည် ..။ ပိုဆိုးတာက ဒေါ်ရွှေရည်ချုပ်ဆီက ပျံ့လွင့်လာတဲ့ အကောင်းစား ရေမွှေးအနံ့ကြောင့်..။

“အန်တီလေး ..ဘာ ရေမွှေး သုံးလဲ ဟင် ..” လို့ မေးမိ သည် ..။ ဒေါ်ရွှေရည်ချုပ် က သူမသုံးသော ရေမွှေးကို ဈန်ရ ကြိုက်လို့သဘောကျသွားပြီး လက်ပွေ့အိတ်ထဲက ပုလင်း ကို ထုတ်ပြ သည် ..။ “ အမာနီး ကုတ်ဒ်…” ဈန်ရ…ဘာလဲ သဘောကျလား…ရီးစားကောင်မလေး ကို ပေးချင်လို့ မေးတာလား ..”လို့ ရယ်မောလျက် မေး သည် ..။ ဈန်ရမောင် လဲ ..“ ရီးစား မရှိသေးပါဘူး..အန်တီလေးရယ် ..အလုပ် ကများလွန်းလို့..” လို့ ပြန်ပြောရာဒေါ်ရွှေ၇ည်ချုပ် လဲ ..“ အင်းပေါ့လေ..ဈန်ရ က ကျောင်းစာက တဖက်..သင်တန်းတွေ က တမျိုး..သီဟ ရဲ့ အလုပ်တွေကလဲ လိုက်လုပ်ပေးနေရတယ် မဟုတ်လား…အန်တီလေး သဘောပေါက်ပါတယ် ..” လို့ ပြော သည်။

ဒေါ်ရွှေရည်ချုပ် သည် သူမ အိမ်နားကို ရောက်လာလို့ ဟန်းဖုန်း နဲ့ သူမအိမ်ကို ခေါ်လိုက်ပြီး အိမ်ဖေါ်အမျိုးသမီးကို ခြံတံခါး လာဖွင့်ပေးဖို့ ပြောလေ သည် ..။ ပွင့်လာသော ခြံတံခါးဝ မှာ ဒေါ်ရွှေရည်ချုပ် အိမ် က အိမ်ဖေါ် အမျိုးသမီး မနု ဆီးကြိုနေတာ တွေ့ရ သည် ..။ ခြံအတွင်း မောင်းဝင်လိုက် ပြီး တိုက်ကြီး ဘေးက ကားသုံးစီးဆန့် ကားဂိုဒေါင်ရှည်ကြီး အရှေ့မှာ ကားကို ရပ်လိုက် သည် ..။ ဈန်ရ နဲ့ ဒေါ်ရွှေရည်ချုပ် ကားပေါ်က ဆင်းလိုက်သော အခါ အိမ်ဖေါ် မနု က ဘေးမှာ ရို့ရို့လေး ရှိနေလို့ ဒေါ်ရွှေရည်ချုပ် က..“ မနု..သွားအိပ်တော့..
အိမ်ထဲ ၀င်တဲ့ တံခါးမကြီး စေ့ရုံတင် စေ့ခဲ့..မမ ဈန်ရ ကို ခြံထဲ လိုက်ပြလိုက်အုံးမယ် ..” လို့ ပြောလိုက်လေသည် ..။ “ ဟုတ်ကဲ့ မမ ..” လို့ မနု ပြောပြီး အိမ်ထဲ ၀င်သွားလေ သည် ..။ဒေါ်ရွှေရည်ချုပ် က ခြံဝင်းရဲ့ အနောက်ဘက် ကို ဈန်ရ နဲ့ အတူ လျောက်ခဲ့ သည်။

“ အန်တီလေး လဲ စီကရုရတီ ကင်မရာ မတပ်ချင်ခဲ့ဘူး ..ဒါပေမဲ့ ခုတလော ခြံကျော်ဝင်ချင်တဲ့ သဘောတွေ ရှိလာတာကြောင့် တပ်ရမဲ့ အခြေအနေ ရှိတယ် ..လူကပ်တာကတော့ ဒီဘက်ကဘဲ…”

“ မီးတိုင်လဲ ရှိနေတာဘဲ ..တော်တော် အတင့်ရဲတာဘဲ အန်တီလေး ..” လို့ ဈန်ရ ပြောရင်း ..“ ဘာမှ မပူနဲ့အန်တီလေး ..ကျနော် တာဝန်ယူ စောင့်ပေးမယ် ..” လို့ ပြောကာ ပတ်ဝန်းကျင်ကို လိုက် ကြည့်ရှုလေ သည် ။ဒေါ်ရွှေရည်ချုပ် လဲ ခြံထောင့်တနေရာ မှာ ရှိနေတဲ့ တင်းနစ်စ်ကွင်း ဆီကို အေ၇ှ့က လျောက်သွားလိုက် တော့ဈန်ရ လဲ အနောက်က လိုက်သွားရ သည် ..။ ဒေါ်ရွှေရည်ချုပ် ၀တ်ထားသည့် ပျော့အိအိ ထမိန်သားကြောင့် ခါးသေးသေး အောက်က စွင့်ကားနေတဲ့ တင်သားစိုင်လှလှတွေ ရဲ့ တုန်ခါမှုတွေ ကို ဈန်ရ အသက်ရှုမှားရလောက် အောင် ဘဲ ငေးကြည့်မိရ သည်။

စိတ်ထဲက ..( လှလိုက်တဲ့ ဖင်တွေ ပါလား..အန်တီလေး ရယ် ..အခု အချိန် အထိ ဘယ်သူမှ မထိမတို့ဘူးသေးလို့ ကြွထတင်းမာဆဲ ဖြစ်နေကြတာများလားဗျာ…) လို့ ပြောနေမိ သည် ..။ ဒေါ်ရွှေရည်ချုပ် ရဲ့ နောက်ပိုင်း အလှအပတွေ ကို ကြည့်ပြီး သူ့စိတ်တွေ နိုးထ လာရ သည် ။ စိတ်တွေ နိုးထလာတော့ သူ့ ဖွားဖက်တော် ကလဲဝုန်းကနဲ ထလာ သည် ..။ တိတ်ဆိတ်တဲ့ ညအချိန် ခြံဝင်းကြီးထဲ လူသူမရှိချိန် နှစ်ဦးထဲမို့ ပိုပြီး စိတ်တွေ ဗလောင်ဆူလာရ သည်။“ဈန်ရ..တနေကုန် အလုပ်များလို့ ပင်ပမ်းနေပြီလားဟင် ..” ရုတ်တရက် မေးလိုက်လို့ ဈန်ရ သည် တင်စိုင်လှလှတွေကို စူးစိုက်ကြည့်နေမိရာက ဒေါ်ရွှေရည်ချုပ် ကို မော့ကြည့်လိုက်ပြီး ..“ မပင်ပမ်းပါဘူး..အန်တီလေး ..ရပါတယ် ..” လို့ ပြန်ဖြေသည် ..။

ဒေါ်ရွှေရည်ချုပ် သည် သူမ အသက် နဲ့ မလိုက်အောင်ဘဲ နုပျိုနေသည် လို့ ဈန်ရ ထင် သည် ..။ အမရာထက်တောင် ဒေါ်ရွှေရည်ချုပ် ရဲ့ ကိုယ်လုံးက အချိုးကျတောင့်တင်း သည် ဆိုတာကိုလဲ ဈန်ရ တွေ့နေ ပြီးဖေါက်ပြန်တဲ့ စိတ်တွေ ၀င်လာနေ သည် ..။ သူငယ်ချင်းအရင်းအခြာ သီဟ ရဲ့ အဒေါ် ..အမရာ ရဲ့ အဒေါ် ဆိုတဲ့ အတွေးက ၀င်လာတော့ ချက်ချင်းဘဲ သူ့ခေါင်းထဲမှာ ပေါ်လာတဲ့ စိတ်ရိုင်းတွေ ကို မောင်းထုတ်ပစ်လိုက်ပြီး ..ဒေါ်ရွှေရည်ချုပ် ပြသတဲ့ ခြံစည်းရိုးများ ကို သေသေချာချာ လိုက်ကြည့် သည် ..။အိမ်ဘက်ဆီကို ပြန်လျောက်လာကြတော့…အုတ်စီလမ်းကလေး က ရေညှိတွေကြောင့် ဒေါ်ရွှေရည်ချုပ် ချော်လဲကျမလို ယိုင်သွားသည် ..။

“ အို့ …”

ဈန်ရမောင် ဒေါ်ရွှေရည်ချုပ် ကို ဖမ်းထိန်းပေးလိုက်ရ သည် ..။ သူ့လက်ဖ၀ါး က စောစောက သူ ပြစ်မှားနေခဲ့သော ဒေါ်ရွှေရည်ချုပ် ရဲ့ တင်သားအိအိတွေ အပေါ်မှာ အုပ်ကိုင်မိရက်သား ဖြစ်သွား သည် ..။

“အာ..ဆောရီး..အန်တီလေး ..ချော်ကျမှာ စိုးလို့..”

ကဗျာကရာ လက်ကို ပြန်ရုပ်လိုက် သည်။ ဒေါ်ရွှေရည်ချုပ်မှာတော့ ဒိန်းကနဲ ရင်တွေ တုန် သွား သည်။မျက်နှာလေး ရဲကနဲ နီသွား သည်။

Leave a Reply

Your email address will not be published. Required fields are marked *