ငါ့ဘေးမှာ မင်းရှိရင် အပိုင်း (၉)

“ ဈန်ရ က အန်တီလေး အိမ်မှာ ခြံအနောက် လူကပ်လို့ သွားစောင့်အိပ်ပေးနေတာ..တကယ်တမ်း သူခိုးဝင်သွားတာက ကျနော်တို့ အိမ်ဖြစ်နေတယ် ..”

သီဟထွန်းချုပ် ဒေါပွနေ သည် ..။ညက သူတို့အိမ်ကို သူခိုးဝင်သွားလို့..။ ခွေးမျိုးစုံမွေးထားရက်နဲ့သူခိုးဝင်တယ် ဆိုတာ ရှက်စရာကြီး ..။ ခြံစောင့်တွေကို ကြိမ်းမောင်းနေ သည် ..။ ဦးထွန်းချုပ် က ဈန်ရ ကို ဒို့အိမ်လာစောင့်အိပ်ခိုင်းပေါ့ လို့ပြော သည် ..။ ဈန်ရ စိတ်ထဲမှာတော့ သူစောင့်ပေးရင်ဘဲ လုံခြုံသလိုလို ပြောနေကြတာကို ရီချင်နေ သည် ..။ သူလဲ တညလုံး မအိပ်ဘဲ စောင့်နိုင်တာ မဟုတ်..။ သူခိုးကလဲ ဘယ်အချိန် ဘယ်နေ့ လာခိုးမည် ဆိုတာ မသိနိုင် ..။သူ့ကို ကရာတေးခါးစည်းအနက် မို့ လူစွမ်းကောင်း ထင်နေကြပုံရ သည် ..။ လူတွေ က သီဟတို့ ကို သူ အလုပ်ဝိုင်းလုပ်ပေးတာကို “သူဌေးကြေးပ ” သည် လို့ ထင်ကြ သည် ..။

အမှန်က သီဟတို့ အမရာတို့အဖေကြီး ဦးထွန်းချုပ် ရဲ့ ကျေးဇူးတွေက ကြီး သည် ..။ တခါမှာ ကြည့်မြင်တိုင်ဘက်က လဘက်ရည်ဆိုင်မှာ သူငယ်ချင်းတွေ နဲ့ ထိုင်နေတုံး လူတစု ရောက်လာ သည် ..။ သိုင်းသမားများ ဖြစ် သည် ။ ဆိုင်ရှေ့မှနေပြီး စိန်ခေါ်သည် ..။ အမည်တပ်ပြီး ကလပ်နံမည် ပါတပ်ပြီး မထွက်လာရဲရင်  ..ငကြောက် ..လို့ အော်သလို ကရာတေးသမားတွေ မဖိုက်ရဲပါဘူး..လို့ စော်ကား သည် ..။ သူတို့သည် ငှက်ကြီးတောင်ဓါးများ ကိုယ်စီ နဲ့ ..။ သတင်းစာ အဟောင်းများ နဲ့ ပတ်ခါ ဗြောင်ဘဲ ကိုင်လာကြတာ ..။ ဈန်ရလဲ ရှောင်ထွက်ဖို့ ကြိုးစားပေမဲ့ မရ ..။ အတင်းဝင်ခုတ်တော့ လေးယောက် နဲ့ တယောက် တိုက်ခိုက်ကြရတာနောက်ဆုံး ဆေးရုံရောက်ကြ..ဂါတ်တဲ ရောက်ကြ ဖြစ်ကုန် သည် ..။ လက်နက်မဲ့ဈန်ရရဲ့ လက်ချက် နဲ့ ဓါးကိုင်သိုင်းသမား ဆေးရုံမှာ စကားမေးမရတဲ့ အတွင်းလူနာ ဖြစ်သွားပြီး အမှု ဖြစ် သည် ..။ ဦးထွန်းချုပ် ၀င်ပါလို့ သူ့အရှိန် နဲ့ ဈန်ရ အဆင်ပြေသွား သည်။

အခုလဲ ဦးထွန်းချုပ် က သူ့ခြံထဲ လာစောင့်အိပ်ပါ ဆိုလို့ ဈန်ရ ဒီညကစပြီး သူတို့နေတဲ့ တိုက်ကြီးရဲ့ အနောက်က ရေကူးကန် နဲ့ ကပ်ရက် တိုက်ပုလေး မှာ လာစောင့်အိပ်မည် ..။ မနက်ခင်း ကော်ဖီချိန် သီဟတို့ ဆူဆူညံညံ ပြောဆိုနေကြတာကို ကြားတဲ့ အမရာ သည် စိတ်ထဲ ကျိတ်ပျော်နေ သည် ..။ ပျောက်ချက်သားကောင်းနေတဲ့ ဈန်ရ ကို သူမ တွေ့ရတော့မှာ မို့ ..။  မွေးနေ့ပွဲတုံး က ဆိုခဲ့တဲ့ ဟေမာနေ၀င်း ရဲ့ နံမည်ကြီး “ ယုံလား ..” သီချင်း ကို အမရာ တိုးတိုးလေး ညည်းနေ သည် ..။

“ ကိုကိုရေ..သိပ်ချစ်တယ် ..အစွဲကြီး စွဲမိပြီရှင် …” တဲ့ ..။တကယ်ဘဲ အမရာ ရဲ့ နှလုံးသားနုနုလေး ဟာ အချစ်ဆိပ်တွေ တက်နေရပါပြီ ..။  ဒေါ်ရွှေရည်ချုပ် လဲ သူမအကိုကြီး က ဈန်ရမောင် ကို သူတို့အိမ်မှာ လာစောင့်စေချင်တယ် ပြောတော့ ဘာမှဝင်မပြောလို ..။ ဒေါ်ရွှေရည်ချုပ် အိမ်အတွက် ခြံစောင့်တယောက် သီဟ က လွှတ်ပေးရ သည်။ ဒေါ်ရွှေရည်ချုပ် လဲ ဈန်ရမောင် နဲ့ ဖြစ်ပျက်ပြီးနောက် ဈန်ရမောင်ကိုအစွဲကြီး စွဲ သွားရပြီး.. ဈန်ရမောင် နဲ့ လွတ်လွတ်လပ်လပ် ထပ်မံတွေ့ဖို့ ကြံစည်နေ သည် ..။ သူမ အိမ်က အိမ်ဖေါ်..ထမင်းချက်များ လဲ ခွင့်ရက်ပြည့်လို့ပြန်ရောက်နေကြပြီ ..။ သူတို့ ရှိနေတဲ့ သူမအိမ်မှာ ဈန်ရမောင် နဲ့ ချိန်းတွေ့ရတာ တနေ့မဟုတ် တနေ့ သူတို့
သိသွားပြီး..သူတို့ကနေတဆင့် သတင်း ပေါက်ကြားနိုင် သည် ..။အင်း..ဘယ်တော့များမှ တွေ့ကြရအုံးမှာလဲ..ဈန် ရယ်။

ဈန်ရမောင် သူတို့ခြံထဲ လာနေမည် ဆိုတဲ့သတင်း ဒေါ်မဒီထွန်းချုပ် ကြားရတော့ သူမရဲ့ လေးကိုင်းလေးလို ကွေးညွှတ်နေတဲ့ နှုတ်ခမ်းပါးလေးများ တွန့်သွားအောင် ပြုံးလိုက်မိ သည် ..။ ဒီကောင်ချောလေး ကို မြင်ရရင်..မဒီ့စိတ်တွေ အစိုးမရချင်ဘူး ..။ အရမ်းအရမ်း ဗရမ်းဗတာ ဖြစ်ကုန်ရတယ် ..။ သူ့အကြည့်က မဒီ့အသဲအူတွေကလီစာတွေ ယားတက်သွားစေတယ် ..။ ဒါပေမဲ့ သူက မဒီ့ကို ရှောင်နေတယ် ..။ အင်းလေ ..အသက်ကလဲကြီးလင်ရှိမိန်းမတယောက် ဆိုတော့ ဒီလိုရေပန်းစားနေတဲ့ကောင်ချောလေးက ဘယ် စိတ်ဝင်စားပါ့မလဲလေ ..။သူဌေးကတော်ကြီးတွေရဲ့ ဘ၀ကလဲ တခါတလေ..ဘာမှ လုပ်စရာ မ၇ှိဘူး ..။ ဒေါ်မဒီထွန်းချုပ် လဲ ဒီလိုဘဲ..။တနေ့တနေ့ အလုပ်မရှိ..တခုခု လျောက်လုပ်နေရတယ် ..။ အင်း ..မိဘမဲ့ဂေဟာ ဆန်သွားလှူလိုက် ..လူအိုရုံမှာ ထမင်းသွားကျွေးလိုက် ..။ သူမလိုလားတောင့်တနေတာကျတော့ ဖြေဖျောက်ဖို့ မလွယ် ..။ သူမဖါသာ ကျိတ်ပြီး ညီမ ပို့ပေးတဲ့ ရာဘာနဲ့ ပုံစံတူ လုပ်ထားတဲ့ ယောင်္ကျား လိင်တန်အတု ကိုဘဲ အားကိုးနေရတယ် ..။ကြာတော့လဲ လိင်တန်စစ်စစ် နဲ့ နင်လားငါလား..ရင်ဆိုင်တွေ့လိုက်ချင်လာတယ်။

သူငယ်ချင်း ဒေစီကျော်လင်း အိမ်ကို သွားလည် ..သူတို့ညာရောင်းတာတွေ ဈေးကြီးမှန်းသိရက်နဲ့ ဦးထွန်းချုပ်ရဲ့ ဇနီးမို့ မဆစ်ဘဲ ၀ယ် ..တခြားကတော်တွေ အတင်းချ ..တနေ့တနေ့ အချိန် မကုန်ကုန်အောင် ဖြုန်းရ သည် ။ဒေစီကျော်လင်း ရဲ့ ယောင်္ကျား က နိုင်ငံခြားသွားနေ သည်။ ဒေစီကျော်လင်း သည် သူမလိုဘဲ ဘာမှ လုပ်စရာမရှိလို့ တနေ့တနေ့ အလှပြင်ဆိုင်သွားလိုက်..ရှော့ပင်သွားလိုက် နဲ့ လုပ်နေသူ။

အမရာထွန်းချုပ် သူမမွေးနေ့က ကိုကြီးသီဟ ပေးခဲ့သော သမင်ပေါက်စလေး ကို အစကျွေးနေ သည် ..။ “သမင်အစာကျွေးမယ် ”လို့ သူမပြောလိုက်တာနဲ့ အိမ်ဖေါ်တယောက် က ကန်စွန်းရွက်များ ဇကာ နဲ့ ပြေးယူရသည် ..။ အမရာ က သမင် ကို ပါးစပ်နားတေ့ပေးပြီး ကျွေး သည် ..။သမင်ကို အစာကျွေးရင်..အဲဒီမွေးနေ့က ဈန်ရမောင် သူမကို ပေးတဲ့ မွေးနေ့လက်ဆောင် အသဲနှလုံးပုံလော့ကက်လေး ကို လက်နဲ့ မသိမသာ စမ်းကြည့်နေမိသည် ..။ စိန်တွေ ပတ္တမြားတွေ..ရွှေတွေ တပုံကြီး ရှိပေမဲ့ဈန်ရမောင် ပေးတဲ့ ဒီ ဈေးပေါပေါ အသဲနှလုံးပုံ လော့ကက်ဆွဲကြိုးလေး ကို သူမ တန်ဖိုးထားနေ သည်။သူ..ဒါလေးတော့ ပေးပြီး..အဲဒီညထဲက ပျောက်နေလိုက်တာ ..သူ ဘာဖြစ်သွားတာလဲ ..ဘာလို့ အသဲပုံလေး ပေးတာလဲ..။ ပေးပြီး စိတ်ပြန်ပြောင်းသွားတာလား ..။ အင်း..သူ့ကို မေးဖြစ်အောင် မေးရမည်။

ဈန်ရ သည် သီဟ နဲ့ အနှိပ်ခန်းကို လိုက်သွားရ သည် ..။သီဟ လဲ “ ကြွေမ ” ကို မတွေ့ဘဲ မနေနိုင် ဖြစ်နေရ သည် ..။ ကြွေမ သည် ရိုးသားသော ဆင်းရဲသား ကောင်မလေး တယောက်ပါ ..။ ကြွေမ သည် ရုပ်သန့်သန့်လေး နဲ့ ချစ်စရာ ရိုးသားပုံပေါက် သည် ..။ ဒီနေရာ နဲ့ မတန်ဘူး ..သူ့ကို ငါ ကယ်မယ် ..လို့ သီဟ ပြော သည် ..။ ဈန်ရ လဲ သီဟတို့ က ကယ်နိုင်တဲ့ အနေအထား ရှိတာကြောင့် ဘာမှ ၀င်မပြောလို ..။ သီဟ လဲ မော်တော်ဘုတ် နဲ့ ကြွေမတို့ရွာကို ဈန်ရ ကို အဖေါ်ပြုပြီး လိုက်သွား သည် ..။ ကြွေမတို့ သည် တကယ့်ကို ဆင်းရဲတာပါ ..။ အမေအို နဲ့ ညီမနှစ်ယောက် နဲ့ တော်တော့်ကို ချို့တဲ့တာမို့ ..ပညာကလဲ မရှိ ..အရင်းအနှီးကလဲ မရှိတော့..ကြွေမ အနှိပ်ခန်းမှာ ၀င်လုပ်ရတာ ..။

လက်ညှိုး ညွှန်ရာ ရေဖြစ် လို့ပြောမလား ..အရှင်မွေးတော့ နေ့ချင်းကြီး လို့ဘဲ ပြောမလား ..မြန်မာပြည်ရဲ့ မီလျံနာကြီးရဲ့ သား နဲ့ ထိတွေ့မှုကြောင့် “ ကြွေမ ” တို့အတွက် အုတ်ခံ ပျဉ်ထောင်အိမ်ကြီးတလုံး သွပ်မိုးအသစ်တွေ နဲ့ ရက်ပိုင်းအတွင်း ဆောက်ပေးလိုက် သည် ..။ အောက်ထပ်မှာ ကုန်စုံဆိုင် တဆိုင် ဖွင့်ပေးလိုက် သည် ..။ ကြွေမ လဲ အနှိပ်ခန်း က ဟိုလူဒီလူ ဖင်နှိုက် နို့နှိုက် ခံရတဲ့ အညတြ ကောင်မလေး မဟုတ်တော့ ..။ သီဟတို့အတွက် က အသေးအဖွဲ ဘဲ ..။ ဘယ်သူမှတောင် မသိလိုက် ။ အမရာထွန်းချုပ်တို့ စင်ကာပူ ဈေးဝယ်ထွက်သလောက်တောင် ရှိမည် မထင် ..။

ဈန်ရ ညမိုးချုပ် မှ ပြန်ရောက် သည် ..။ ဈန်ရအမေ နေမကောင်းလို့ ဆေးခန်းသွားပို့ပေးရသေး သည် ..။သီဟတို့ အိမ်မှာ ဒီည အိပ်ရမှာ ဆိုတာ သတိရ သည် ..။ သူ့မှာ ကားယူထားတာ မရှိလို့ တက်ဆီကား နဲ့သီဟတို့ အိမ်ကို သွားလိုက် သည် ..။ သီဟ မ၇ှိ ..။ သူ့အဖေ ဦးထွန်းချုပ် နဲ့ စင်ကာပူ ကို ပါသွား သည် ။သူ နေမဲ့ ရေကူးကန်ဘေး က တိုက်လေး ကိုေ၇ာက်တော့ အိမ်ဖေါ်ချုပ် ဒေါ်ဒေါင်း က သူ့အတွက် အိပ်ရာပြင်ထားပေးတာ တွေ့ရ သည် ..။ ဒေါ်ဒေါင်း ကို အိမ်ဖေါ်ချုပ် လို့ ဈန်ရ က သူ့ဖါသာ နံမည်ပေးထားတာ ..။အိမ်ဖေါ်တွေ ကို ဦးစီးတဲ့ ဒီအိမ်ကြီး မှာ နှစ်ပေါင်း ၂၀လောက် လုပ်နေပြီးတဲ့ အိုးဆားဗစ် စီနီယာအိမ်ဖေါ် မို့..။

အိမ်ရှိ အိမ်ဖေါ် ထမင်းချက်..မာလီ ခြံစောင့် အားလုံး ကို ကွပ်ကဲနေသူ ..ချုပ်မိသားစု ဂေဟာကြီး မှာမို့ အိမ်ဖေါ်ချုပ် ဆိုတဲ့ နံမည် က လိုက်ဖက်တယ်လေ ..။ဈန်ရ သူ့ဖါသာတွေး..သူ့ဖါသာ ပြုံးနေမိ သည် ..။ဒေါ်ဒေါင်း က သူနေမဲ့ အခန်း က ရေခဲသေတ္တာထဲ အအေးပုလင်း..ဘူးတွေ ..ဘီယာ အစုံ ထည့်ထားပေး သည်။ဈန်ရ လဲ ရေကူးကန် ဘေး မှာ ခုံပုလေးတလုံးနဲ့ ထိုင်နေ သည် ..။ ရေကူးကန် ဘေးမှာ မီးတိုင်လေးတွေ တန်းစီပြီး ထွန်းထား သည် ..။ခြံကြီး က ကျယ်လွန်း သည် ..။ အနောက်ဘက်မှာ ကားများထားတဲ့ ကားဂိုဒေါင်ကြီးတခု ရှိသေး သည် ..။ သူတို့ မိသားစု ကြိုက်တာတွေ ၀ယ်ဝယ်ထားရင်း ..ကားတွေ များနေ သည်။

ဈန်ရ ခွေးလှောင်အိမ်ထဲက စတားလုံး ကို ထုတ်ပြီး သူနဲ့ အတူ ခြံထဲ တပတ်လှည့်ကြည့် သည် ..။ ခြံစောင့် အဖိုးကြီး ရှိပေမဲ့ သူခိုးဝင်သွားလို့ ဈန်ရ လာအိပ်ပေးတာ ..။တခုခုတော့ ရေရှည်အတွက် သီဟတို့ လုပ်မှာပါဘဲ ..။ လတ်တလော သီဟအဖေ ဦးထွန်းချုပ် က စင်ကာပူ မှာ အရေးတကြီး အလုပ်များနေလို့ ..။စတားလုံး သည် အရောင်အသွေး စိုပြီး ကြွလှနေသည့် အယ်ဇေးရှင်း အမျိုးအစား ခွေးကြီး ဖြစ် သည် ..။ သူ့ကို သီဟ နဲ့ ဈန်ရ သေသေချာချာ လေ့ကျင့်ပေးထားလို့ အားကိုးရတဲ့ ခွေးပါ..။ သူခိုးဝင်တဲ့ ည က စတားလုံးကို ခွေးခြံထဲ ပိတ်လှောင်ထား လို့ သူဟောင်ရုံမှအပ ဘာမှ မတတ်နိုင် ..။ အပြင်မှာ လွှတ်ထားတဲ့ တိုက်ဂါး ဆိုတဲ့ အင်းခွေးကြီး က အစားမက်လို့ သူခိုး ပစ်ကျွေးတဲ့ အဆိပ်ပါတဲ့ အသားကို စားမိပြီး မနိုးသော အိပ်ခြင်းနဲ့ အိပ်သွားရ သည်။

စတားလုံး နဲ့ အနောက်ဘက် ခြံစည်းရိုး တလျောက် လိုက် စစ်ကြအပြီး ကားဂိုဒေါင်ကြီး ဆီကို အရောက် အနောက်က ချွတ်ကနဲ အသံကြားလိုက်လို့ သူ လှည့်ကြည့် သည် ..။ သူ့ဘောင်းဘီ နောက်အိတ်ထဲ နန်ချပ်ကုနှစိချောင်းဆက်ဒုတ် ထိုးလာပေမဲ့ မထုတ်သေး။ဟာ..မီးငယ် …။အမရာထွန်းချုပ် ..။ နှုတ်ခမ်းလေး စူ..မျက်မှောင်လေးကြုံ့ လျက် ရပ်နေ သည် ..။ ဆံပင်ရှည်ကြီး က ဖြောင့်တန်း နက်ပြောင်နေ ပြီး အနက်ရောင် အသားပျော့ပျော့ ဘလောက်စ်ပွပွ နဲ့ အနက်ရောင် ထမိန် ၀တ်ထား သည် ..။ အနက်ရောင်အ၀တ်များ ၀တ်ထားတော့ အမရာ ရဲ့ နို့နှစ်ရောင် အသားဖွေးဖွေး က ပို ထင်းဝင်းနေသလိုဘဲ ..။

“မီးငယ် ..ဘာလိုချင်လဲ..ဘာလုပ်ပေးရမလဲ..ကားတစီးစီး လိုချင်လို့လား ..ဘာကားလဲ ..မီးငယ် ရဲ့ စပိုင်ဒါ လား..”

ဈန်ရ ဘာလို့မှန်းမသိ..အမရာ့ကို ရွှမ်းရွှမ်းဝေ ဖါးနေမိ သည် ..။ သူ့ဖါသာ မလုံလို့လား ..။

“ ကိုစ်န္ရ…”

“ ဗ်ား ..”

“ မဖါးနဲ့..ပုံမှန် ဆက်ဆံ ..”

“ ဟာ…ဟို..ဟို ..မီးငယ် ကလဲ..”

“ ဟုတ်တယ် ..မကျေနပ်ဘူး..လုံးဝ မကျေနပ်ဘူး …”

ဈန်ရ စိတ်ထဲ..ခိုင်ထူးရဲ့ သီချင်း နားထောင်လိုက်ရသလိုဘဲ ..။

“ဘာ..ဘာ လို့လဲဟင်..မီးငယ် ..ဒို့ကို မကျေနပ်တာလား ..”

“ ဟုတ်တယ် …သူ့ကို မကျေနပ်တာ ..”

“ အိုး ..ဒို့ မီးငယ် စိတ်ဆိုးအောင် ဘာလုပ်မိလို့လဲ ..ဆောရီး…”

ဒီအချိန် မှာ စတားလုံး သည် အလိုက်ကန်းဆိုး မသိဘဲ အမရာ ရဲ့ ၀မ်းပျင်သား ရှပ်ရှပ် အောက် နား ကို သူ့နှာခေါင်း နဲ့ လိုက်ရှူ သည်။

“ဟာ..ဒီခွေး ..ဘာလဲ မသိဘူး ..ကိုဈန်ရ..ခွေးကို ခေါ်….”

ဈန်ရ လဲ ..စတားလုံး ကို “ ဘက်က်..ဘက်က် ..” လို့ အမိန့်ပေး သည် ..။ စတားလုံး အနောက်ဆုတ်သွား သည်။  “ ဆစ်တ်..စတားး..ဆစ်တ် …” ထိုင်ခိုင်း သည် ..။ စတားလုံး ထိုင် သည် ..။

“ကိုစ်န္ရ..”

“ ဗ်ာ…”

“ မနောက်နဲ့..ပုံမှန် ဆက်ဆံပါဆို ..”

“ ဟုတ်..ပြော ..မီးငယ် ..”

“ မွေးနေ့ ည ထဲက မီးငယ် ကို ဘာလို့ ရှောင်နေတာလဲ..”

“ မရှောင်ပါဘူး ..မီးငယ် …”

“ ဒါလေး ပေးပြီး…မီးငယ် ကို ပစ်ထားတယ် ..” အသဲပုံ လော့ကက်လေး ကို လက်နဲ့ ဆုတ်ကိုင်ပြီး ပြ သည် ..။

“ ဟာ..မပစ်ပါဘူး ..အလုပ်များနေလို့ပါ ..”

“ ပြော..ဘာသဘောလဲ…”

“ ဘာ..ဘာကို..”

“ ဒီလော့ကက် ပေးတာ ..ဘာသဘောလဲ..ပြော ..ပြော..သူများကဖြင့်..သူပေးတာကို အမြတ်တနိုး ဆွဲထားမိတာ”

“ မီးငယ် တမျိုး မထင်ပါနဲ့..”

“ ဟင်..ဘာပြောချင်တာလဲ..ဒီ အသဲပုံလေး ပေးတာ ဘာမှ မဟုတ်ဘူးပေါ့ …”

“ဟို..ဟို ….”

အမရာ့မျက်လုံးတွေ ဆီက မျက်ရေပေါက်တွေ ကျလာပြီ ..။

“အို..မငိုပါနဲ့မီးငယ် …”

အမရာ သည် ကားဂိုဒေါင်ထဲ ၀င်ပြေး သည် ..။ ငိုရှိက်ပြီး ၀င်ပြေးတာ ..။

“မီးငယ် …….မီးငယ် …..”

ဈန်ရ အော်ခေါ်ပြီး အနောက်က ပြေးလိုက် သည် ..။အရင် က ဒရိုင်ဘာ နေဖို့ လုပ်ထားတဲ့ အခန်းလေးထဲ အမရာ ပြေးဝင်သွား သည်။

“မလာနဲ့…မလိုက်ခဲ့နဲ့ …”

အမရာ အော်ပြော သည် ..။

“မီးငယ် ..ဒို့ကို စိတ်မဆိုးပါနဲ့ကွာ…ဒို့ တောင်းပန်ပါတယ် …”

သူ ပြေးဝင်လိုက်သွား သည် ..။ အမရာ သည် မှောင်နေတဲ့ အခန်းလေးထဲ သူ့ကို ကျောခိုင်းပြီး ငိုနေ သည်။

“ ဒို့ ပြောပြလို့ ရမလား ..မီးငယ် ….”

အမရာ ဘာမှ ပြန်မဖြေ ..။

“ ဘယ်ကစပြောရမလဲ …ဒီလော့ကက် နဲ့ ဆွဲကြိုးလေး ပေးတာ ဒို့ ရင်ထဲမှာ ရှိနေတာတွေ အမှတ်မထင် ပေါ်သွားတာပါ..တကယ်တော့ မီးငယ် ကို ဟိုး စောစောပိုင်းထဲက..ဟိုဒင်း ..ဟို ..ချစ်..ချစ်မိ ခဲ့တာ …ဒို့ မီးငယ် ကိုအရမ်းချစ်တယ် ..”

အမရာ ဘာမှမပြော ..။ ကျောခိုင်းကာ ငြိမ်ရပ်နေဆဲ ..။

“ အရမ်းချစ်တဲ့ အထိမ်းအမှတ်နဲ့ ဒီလော့ကက်လေး ပေးတာပါ ..မီးငယ် ခုလို ဆွဲထားလို့ ၀မ်းသာပါတယ် ..ဒို့ကို စိတ်မဆိုးပါနဲ့ ..နော်..နော်..မီးငယ် …”

ငြိမ်နေလို့ ဈန်ရ အမရာ့ လက်မောင်းလေး ကို လှမ်းကိုင်လိုက် သည်။

“ အိုး..ကိုင်နဲ့..ဖယ် ..”

စိတ်ကောက်သလို အသံ နဲ့ ပြောရင်း..ဈန်ရ လက်ကို ပုတ်ထုတ် သည် ..။လူသူမရှိတဲ့ ဒီမှောင်နေတဲ့ ကားဂိုဒေါင်ကြီး အတွင်းဘက် က အခန်းလေး ထဲ အလွန်လှတဲ့ ကောင်မလေး နဲ့နီးနီးကပ်ကပ် ရှိနေသည် ..။ ဈန်ရ စိတ်တွေ ထိန်းလို့ မရတော့ ..။ အမရာ့ကိုယ်လုံးလေး ကို ဖက်ပစ်လိုက်ပြီ။

“ အို …”

“ချစ်တယ် ..အရမ်းချစ်တယ် …”

“ လွှတ်..လွှတ် ..ဘာလုပ်တာလဲ ..”

“ ချစ်တယ်..မီးငယ်ရယ် ..ဒို့ မီးငယ်ကို အရမ်းချစ်တယ် ..”

“ မဟုတ်ပါဘူး ..မီးငယ် ကို ဖုန်းလေးတောင် မခေါ်ဘူး ..ဘယ်ဆော်ဆီ ရောက်နေလဲ မသိဘူး ..”

အမရာ့ဆီက ရေမွှေးနံ့က သူ့စိတ်တွေကို ပို သောင်းကျန်းလာစေသလား မသိဘူး ..။ သူ့မျက်နှာနဲ့ အရမ်းနီးကပ်နေတဲ့ အမရာ့ နဖူးလေး ကို နမ်းလိုက်မိ သည် ..။အမရာ သည် ဈန်ရ က သူ့ကို ချစ်တယ် ပြောလို့ စိတ်ထဲမှာ အရမ်း ပျော်သွား သည်။ကြားချင်နေတာ ကြာပြီ ဖြစ်တဲ့ ဒီစကား ကို ကြားလိုက်ရလို့ ..။ သူက စနမ်းလိုက်တော့ တကိုယ်လုံး ကြက်သီးတွေ ထသွားရ သည် ..။ သူက အတင်းဆွဲဖက်ထားတော့ ကိုယ်ချင်း မျက်နှာချင်းဆိုင် ပူးကပ်နေ သည်၊ရင်တွေ ခုံတာ အရမ်း..။ ရှက်မိတာ နဲ့ ..သူ့ကို တွန်းပစ်မိ သည် ..။ သူက ခိုင်ခိုင်မာမာကြီး ဖက်ထားတာ။

သူ့သန်မာတဲ့ လက်တွေထဲက ထွက်မပြေးနိုင်တော့ဘူး ..။ နဖူး ကို နမ်းရာက သူ နှုတ်ခမ်းကို ထပ်နမ်းပြန် သည်  ..။ စစချင်း နှုတ်ခမ်းချင်း ထိတယ်ဆိုရုံ ထိတာ ..။ အို ..သူ နဲ့ ငါ ချစ်မိကြပါပကော..ဆိုတဲ့ အတွေး ဖျတ်ကနဲ တွေးမိတော့ မီးငယ်ရင်ထဲ နွေးကနဲ ခံစားလိုက်ရ သည် ..။ ကိုဈန်ရ ကို မီးငယ် တိတ်တခိုး တဖက်သပ်ချစ်နေခဲ့မိရတာ ကြာနေပြီ မဟုတ်လား ..။ဘယ်ယောင်္ကျားကို မှ ပြန်မကြိုက်ခဲ့တဲ့ မီးငယ် သည် ဈန်ရ ကိုမှ တန်းတန်းစွဲ ချစ်ခဲ့မိရတာပါ ..။ သူချစ်မိတဲ့လူ နဲ့ ခုလို ဖက်ကြနမ်းကြတဲ့ အခြေအနေကို ရောက်လာတာ ကြည်နူးခြင်းတွေ နဲ့ ကျေနပ်နေမိ သည်။

အမရာ သည် သူမနှုတ်ခမ်းကို ထိကပ်နမ်းလိုက်တော့ ..ရုန်းကန်နေတာတွေ လျော့ကျသွား သည် ..။ ဈန်ရ သည်  “ ဒို့ကိုရော ချစ်လား ..” လို့ မေး ရင်း အမရာ့ လည်တိုင်လေး ကို နမ်းနေပြန် သည် ..။ အမရာ က မဖြေလို့..ဈန်ရ က ..“ ချစ်လား..ပြော..” လို့ ထပ်မေး သည် ..။ “ မသိဘူးလား ..”လို့ တိုးတိုးလေး ပြန်ပြေတာကြားလိုက်ရ သည် ..။ “ သိသလိုဘဲ..ဒါပေမဲ့ မီးငယ် ပြောတာလေး ကြားချင်တယ် ..ပြော..ချစ်လား ..”အမရာ ရဲ့ ကျောပြင်လေး ကို ဈန်ရ ပွတ်သပ်နေချိန် …“ အင်း ..ချစ်တယ် ..” လို့ အမရာ တိုးတိုးလေး ဖြေ သည်။

“ ကိုစ်န္ရ ..”

“ဟင်..မီးငယ် …”

“ ဘာလို့ မီးငယ် ကို ခုမှ ပြောတာလဲ..ကိုကြီး ကို ကြောက်လို့လား ..”

“အင်း ..”

“ ဒက်ဒီတို့ က သဘောမတူဘူး ထင်လို့လား ..”

“ အင်း ..”

“မီးငယ် က သူတို့ သဘော တူတာ မတူတာ ဂရုမစိုက်ပါဘူး ..တခုဘဲ…”

“ ဘာလဲ..မီးငယ် ..”

“ ကိုဈန်ရ ..မီးငယ် ကို သစ္စာရှိရမယ် …”

“ အင်း ..”

“တကယ်လား.သူ့အသံက ခပ်ပေါ့ပေါ့နဲ့ ..”

“ တကယ် ..”

“သစ္စာမဲ့တဲ့ယောင်္ကျား ဆို မီးငယ် အရမ်းမုန်းတယ် ..”

“ အင်း ..”

“ယုံရမှာ လား ..”

“ ယုံလိုက် ..”

“ မွေးနေ့ပါတီတုံးက  မီးငယ် သီချင်းဆိုတာ ..လေ..ယုံလား ..သီချင်း …”

“ အင်း..အဲဒီတုံးက ..မီးငယ် ဆိုနေတာ ..ဒို့ကို ဆိုတာ ဖြစ်ရင် သိပ်ကောင်းမှာဘဲ လို့ တွေးနေတာ ..ကိုကို ရေသိပ်ချစ်တယ် ..ဆိုလို့လေ ..”

“ အင်းလေ..မီးငယ် က ကိုဈန်ရ ကို ရည်ရွယ်တာဘဲ ဥစ္စာ…”

“ ဟင်..ဟုတ်လား ..အို..မီးငယ်ရယ် …”

နမ်းမိကြပြန် သည် ..။ ဒီတခါ နမ်းတာက နှုတ်ခမ်းချင်း ထိကပ်ရုံလောက် မဟုတ်တော့ ..။ နှုတ်ခမ်း ဖူးဖူးလေး ကို ငုံစုတ်လိုက်တာ ဖြစ် သည် ..။ မီးငယ် က သူ့ကျောပြင်ကို တင်းတင်းကြပ်ကြပ် ပြန်ဖက်လိုက်တာ ဈန်ရ သိမိလိုက် သည်။ချစ်ကြပြီ ဆိုတော့လဲ အနမ်းတွေ က သံသရာရှည်သွား သည် ..။ တော်တော် နဲ့ ရပ်လို့ မရကြဘူး။

Leave a Reply

Your email address will not be published. Required fields are marked *